Part_31♥️

4.9K 369 42
                                    

Unicode

မြင်လိုက်ရတဲ့ဓာတ်ပုံတွေကမာန်အရှက်သိက္ခာကိုရစရာမရှိအောင်အောက်သို့ဆွဲချနေသည်။မောင်နဲ့ဟိုတစ်နေ့ကဂျောင်ထဲမှာဖက်နေတဲ့ပုံတွေအဆိုးဆုံးကမောင်နဲ့နမ်းနေတဲ့ပုံ။ဒီပုံတွေကိုဘယ်သူကခိုးရိုက်သွားတာလဲငါရှက်လို့သေတော့မယ်။

"တိမ်စိုင်ဖြူဒီပုံတွေက..."

"ဆရာအဲ့တာကိုကျောင်းရဲ့pageမှာတင်ထားတာ အခုအဲ့ပုံတွေလဲတစ်ကျောင်းလုံးနီးပါးမြင်ကုန်ပြီ"

"ဘလို...ငါ...ငါဘလိုလုပ်ရမလဲ!"

"ကျွန်တော်လဲမသိဘူးဆရာ ပုံတွေကိုရိုက်ခဲ့တဲ့လူကိုရှာပြီးဖျက်ခိုင်းမှရမှာ"

"အဟင့်...ငါ...ငါမှမသိတာတိမ်စိုင်ဖြူရယ်"
မာန်ထိန်းချုပ်ထားလို့မရတော့တဲ့အဆုံးင်ိုချပစ်လိုက်တယ်။သူ့ကို၀ိုင်းကြည့်နေတဲ့လူတွေကလဲအုပ်အုပ်သင်းသင်း။တီးတိုးပြောဆိုသံတွေကလဲဆုံနေတာဘဲ။မကြားကြားအောင်တမင်ပြောနေကြတာ။

"ဆရာဖြစ်ပြီးတပည့်နဲ့ဖြစ်ချင်တိုင်းဖြစ်နေရတယ်လို့"

"အေးလေကိုယ့်သိက္ခာမှကိုယ်မထောက်"

"ဒိီလိုဆရာမျိုးဘာရိုသေစရာရှိလို့လဲ"

"ငါကတော့သူ့လိုလူမျိုးနဲ့စာမသင်နိုင်ပါဘူး"

"ငါကောဘဲအရှက်မရှိလိုက်တာများ"
စကားတွေကမာန်နားနဲ့မဆန့်အောင်အထပ်ထပ်ပြောနေကြတယ်။ငါရှက်တယ်ရှက်လွန်းလို့ငါ့မျက်နှာဘယ်နားသွားထားရမှန်းမသိတော့ဘူး။

"လွန်းငယ်..."
ဟောလာပါပြီမာန်ရဲ့အချစ်တော်ပြဿနာအိုးလေး။

"လွန်းငယ်ဘာဖြစ်နေတာလဲ"
အဏ္ဏ၀ါခေါ်တာကိုလှည့်မကြည့်ဘဲကိုယ်လေးတသိမ့်သိမ့်တုန်နေတဲ့ကောင်လေးရဲ့ခန္ဓာကိုယ်လေးကိုအဏ္ဏဝါဆွဲလှည့်လိုက်တယ်။

"လွန်းငယ်..."
အဏ္ဏဝါသူ့ကိုမျက်၀န်းအိမ်ကမျက်ရည်စလေးတွေနဲ့အတူကြည့်လာတဲ့ကောင်လေးကြောင့်ရင်ကိုဓားနဲ့ထိုးလိုက်သည့်အလား။

"လွန်းငယ်ဘာလို့ငိုနေရတာလဲ"

"အဟင့်...ဟင့်...ငါမသိတော့ဘူး"
မေးတာကိုမဖြေဘဲရှ်ိုက်ကြီးတငင်င်ိုနေတဲ့ကောင်လေးကြောင့်အဏ္ဏဝါဘာလုပ်လို့ဘာကိုင်ရမှန်းမသိတော့ဘူး။

အချစ်ကဖန်ဆင်းသော...(သီတာမုန်းတဲ့ဒဿ...ကလေးမချစ်တဲ့ကျွန်တော်S_2){Completed}Kde žijí příběhy. Začni objevovat