Part_42♥️

4.7K 355 80
                                    

Unicode

၅နှစ်ခန့်ကြာသောအခါ~~~~~~

ဘွဲ့ပွဲသဘင်အခမ်းအနားမှာကောင်လေးတစ်ယောက်အပြုံးပန်းဝေဆာကာဘွဲ့လက်မှတ်တက်ယူနေသည်။စင်အောက်ကလဲလက်ခုပ်တီးပြီး၀မ်းပန်းတသာနဲ့အားပေးနေတဲ့နက္ခတ်မာန။သူ့သားလေးအခုလိုဘွဲ့ရပညာတက်ကြီးဖြစ်လာလိမ့်မယ်လို့တောင်သူမတွေးခဲ့ဘူးပါ။အဏ္ဏဝါကအရင်တုန်းကဆိုပြောစကားနားမထောင်တဇွတ်ထိုးလေးမလား။ကျောင်းဆိုရင်ခနခနပြေးပြီးလက်ဝှေ့ပွဲအမြဲသွားနေတဲ့ကောင်လေးအခုတော့ဘွဲ့၀တ်ဆုံလေးနဲ့တည်ကြည်ခန့်ညားနေတာပေါ့။

ဘွဲ့ပွဲသဘင်ပြီးတော့အခမ်းအနားကအဏ္ဏဝါထွက်လာတော့အပြင်မှာရပ်စောင့်နေတဲ့သူ့ရဲ့အချစ်တော်လေး။ပိုးပုဆိုးမိုးပြာရောင်လေးကိုမှအပေါ်ကလည်ကတုံးအပြာနုရောင်လေးနဲ့တွဲဖက်၀တ်ဆင်ကာအဏ္ဏဝါကို​ပြုံး၍ကြိုဆိုနေသည်။ရွှေရောင်က်ိုင်းမျက်မှန်လေးကနေပူထဲမှာဆိုတော့အရောင်တလက်လက်နဲ့မာန်ရဲ့မျက်နှာလေးကိုပိုပေါ်လွန်နေတာပေါ့။

"မောင်..."
ထိုခေါ်သံလေးကြားလိုက်တာနဲ့အဏ္ဏဝါရင်ထဲစိမ့်စမ်းရေပမာအေးချမ်းသွားသည်မှာအမှန်ပါ။

"လွန်းငယ်..."
အဏ္ဏဝါ မာန်ကိုပြေးဖက်လိုက်တာပေါ့။

"မောင်ဘလိုဖြစ်နေတာလဲ လူတွေအများကြီးရှိတယ်လေ"

"ကိုယ့်ကောင်လေးက်ိုဖက်တာဘယ်သူ့ဂရုစိုက်ရမှာလဲ"
မောင်ကအခုဆိုရင်အသက်၂၃နှစ်ရှိပြီဒါပေမဲ့အခုထိမပြောင်းလဲသေးတာကတော့မောင့်ရဲ့အကျင့်။ဘယ်သူ့မှလူမထင်ဘူးလေ။

"မောင်နော်...အခုထိကလေးဆန်မနေနဲ့က်ိုယ့်အသက်လဲကိုယ်ကြည့်အုန်း"

"လွန်းငယ်ကလဲ..."
မာန်ပါးလေးကိုအဏ္ဏဝါသူ့နှာခေါင်းလေးနဲ့ထိုးကာကြည်စယ်နေပြန်သည်။

"ဟိုနှစ်ယောက်ဓာတ်ပုံရိုက်မယ်လာ!"
နက္ခတ်မာနကလှမ်းခေါ်တော့ချစ်ကြည်နူးနေတဲ့ကောင်လေးနှစ်ယောက်ရပ်တန့်သွားတယ်။

"ဟုတ်လာပြီ"
မိသားစုဓာတ်ပုံစုရိုက်ကြတာပေါ့။နက္ခတ်မာနကိုအလည်မှာထားပြီးမင်းဆက်တို့အတွဲနဲ့အဏ္ဏဝါတို့အတွဲကဘေးကခြုံရံနေတဲ့ပုံလေး။တ်ိမ်စိုင်ဖြူက်ိုလဲမင်းဆက်ကကျောင်းဆက်တက်ခိုင်းတော့အဏ္ဏဝါနဲ့အတူသူလဲဘွဲ့အတူတူရတာပေါ့။

အချစ်ကဖန်ဆင်းသော...(သီတာမုန်းတဲ့ဒဿ...ကလေးမချစ်တဲ့ကျွန်တော်S_2){Completed}Where stories live. Discover now