Chapter(72):အကြံပြုချက်-1

Start from the beginning
                                    

"သေရော! ဝုမိန်နဲ့တခြားလူတွေ ပြန်သွားကြပြီလားမသိဘူး?" ရှုရန်တစ်ယောက် တစ်ကိုယ်တည်း ရေရွတ်လိုက်ပြီးတော့ စကားအချို့ ပြောခဲ့ဖို့အတွက် ဆိုင်ရှင်ဘက်ကို ပြန်လှည့်လိုက်တယ်။ သူဆိုင်ရှင်ကို ကျိုးယွင်က မူးနေပြီဖြစ်ပြီးတော့ ကျိုးယွင်ကို ကောင်းကောင်းဂရုစိုက်ပေးဖို့ သူ့ကိုပြောလိုက်တယ်။ အဲ့လိုပြောခဲ့ပြီးနောက် ရှုရန်တစ်ယောက် ထွက်ခွာလာခဲ့တော့တယ်။

ရှုရန်တစ်ယောက် ဝုမိန်ရဲ့ဆိုင်ခန်းဆီကို ရောက်သွားတဲ့အချိန်မှာ အဲ့နေရာမှာ ဘယ်သူမှ မရှိကြတော့ပါဘူး။ ထို့နောက် ရှုရန်တစ်ယောက် နွားလှည်းရှိရာဆီကို အပြေးသွားလိုက်မိတော့ ဝုမိန်နဲ့တခြားလူတွေက နွားလှည်းပေါ်မှာထိုင်ရင်း စကားစမြည်ပြောနေကြတာကို မြင်လိုက်ရတယ်။

လျိုချင်က ရှုရန်ကို မျက်စိလျင်စွာ မြင်သွားပြီးတော့ အော်ပြောလိုက်တယ်။ "ရှုရန် ဒီကိုလာခဲ့! မင်းနောက်ဆုံးတော့ ပြန်လာပြီပေါ့!"

ရှုရန်တစ်ယောက် အနေရခက်မှုအချို့နဲ့ ပြုံးပြလိုက်မိတယ်။ "မင်းတို့ကို စောင့်နေခိုင်းစေမိတဲ့အတွက် တောင်းပန်ပါတယ်။ ငါသူငယ်ချင်းတစ်ယောက်ဆီကို အလည်သွားတာ။ သူကငါ့ကို သူနဲ့အတူတူထမင်းစားဖို့ ဖိတ်လိုက်လို့လေ။ သူကငါ့ကို စကားတွေအများကြီး ပြောနေခဲ့တာ။ ငါပြန်ထွက်တဲ့အချိန်မှာ မွန်းတည့်ချိန်ကျော်နေပြီဆိုတာကို ငါတွေ့လိုက်ရတာပဲ။"

"မင်းပြန်လာပြီဆိုကတည်းက အဲ့ဒါက အဆင်ပြေပါတယ်။ ငါတို့ပြန်ကြရအောင်။ ငါတို့ရဲ့မိသားစုတွေကို မစိုးရိမ်ခိုင်းကြနဲ့။"

ရှုရန်တစ်ယောက် အထုပ်အပိုးခြင်းတောင်းကို နွားလှည်းပေါ်ကို တင်လိုက်ပြီးတော့ လှည်းအရှေ့ဆီကို လမ်းလျှောက်လာခဲ့တယ်။ "ငါမောင်းမယ်။"

ဝုမိန်ကတော့ ဘာမှမပြောပါဘူး။ ရှုရန်က ယောက်ျားတစ်ယောက်ဖြစ်ပြီးတော့ သူက ကောတစ်ယောက်ကို မောင်းနှင်ခိုင်းလို့မဖြစ်ဘူးလေ။ အဲ့ဒါကြောင့် ဝုမိန်ကသူ့နေရာကို ရှုရန်ဆီမှာ ထားခဲ့လိုက်တယ်။

ရှုရန်တစ်ယောက် အိမ်ပြန်ရောက်တဲ့အချိန်မှာ လျိုထုံက ညနေစာကို ပြင်ဆင်ပြီးနေပြီ ဖြစ်ပြီးတော့ သူ့ကိုစောင့်နေပြီ ဖြစ်တယ်။ ဂျုံပင်တွေကို စိုက်ပျိုးထားတာက သူတို့ရဲ့မြေကွက်နှစ်ဆယ်မြူပဲ ရှိသေးတာဖြစ်တယ်။ တခြားမြေကွက် တစ်ကွက်အတွက်ကတော့ လျိုထုံတစ်ယောက် လုပ်ချင်တာလုပ်ဖို့အတွက် ရှုရန်က သဘောတူလိုက်တယ်။ လျိုထုံက ဒီရက်တွေမှာ အာလူးတွေကို စတင်စိုက်ပျိုးနေပြီဖြစ်တယ်။

Transmigration : TFLOA "Fool" (BL) [Myanmar Translation]Where stories live. Discover now