"ဆရာ၊ ကျွန်တော်က ၁၂တန်းတုန်းက ကျောင်းသားပါ။ ကျောင်းကို ပြန်လာလည်တာပါ"
ပြောရင်းနဲ့ပဲ၊ ယန်ထန်က ရိုက်တံတစ်ခုကောက်ယူလိုက်တယ်။
"ဆရာ့လေ့ကျင့်ခန်းကို ကျွန်တော်ကူပေးပါ့မယ်!"

နိုဝင်ဘာလရဲ့အဆုံးသတ်ခါနီးကြီးကို...အမျိုးသားနှစ်ယောက်ဟာ အားကြိုးမာန်တက် ပင်းပေါင်ဆော့နေကျပါလား???
ဘေးမှာကြည့်နေရသူ ဟယ်ရှင်းချွမ်ကတော့၊ နှာခေါင်းတောင် အေးခဲသွားတော့မလိုပဲ။

ယန်ထန်က တန်ပြန်ရိုက်ချက်ကို မလုပ်ဆောင်တော့ဘူး။ ပြုတ်ကျသွားတဲ့ဘောလုံးကို ကောက်ယူကာ၊ ဆရာကျင်းဆီ ပြန်ကမ်းပေးလိုက်တယ်။

ဆရာကျင်းက ဘောလုံးကိုလက်ခံလိုက်ပြီး၊ သူတို့နဲ့အတူ ခန်းမအပြင်သို့လိုက်ထွက်လာပါတယ်။
"တင်းနစ်ကစားတာ ကျွမ်းကျင်တဲ့သူနဲ့မဆုံရတာကြာခဲ့ပြီ။ ကောင်လေး မင်းလည်းသိပ်မကစားဖြစ်ဘူးမဟုတ်လား?"

ယန်ထန်က လိမ္မာတဲ့ကျောင်းသားလေးအကြည့်ဖြင့် ဆရာကျင်းကိုပြန်ကြည့်နေတယ်။
ဟယ်ရှင်းချွမ်မျက်လုံးထဲမှာတော့...အမြီးဖွားဖွားကိုဝှက်ထားတဲ့ ဝံပုလွေဆိုးကြီးနဲ့ပိုတူနေပါတယ်။

"ကုမ္ပဏီကိစ္စတွေကြောင့် သိပ်မကစားဖြစ်တော့ဘူး၊ အရင်တုန်းကဆို ဘတ်စကတ်ဘောအရမ်းကစားခဲ့တာ"

"အလုပ်လုပ်ရတာနဲ့ပဲ၊ အားကစားကို လျစ်လျူရှုလိုက်လို့မဖြစ်ဘူးလေ။ အခုရော ဘာအလုပ်လုပ်နေတာလဲ?"

"အသေးစားဂိမ်းကုမ္ပဏီတစ်ခုကို တည်ထောင်ထားပါတယ်။ ဒီနှစ်ထဲမှာပဲ ရုံးခန်းပြောင်းနိုင်မယ်လို့တော့တွက်ထားတယ်"

"အိုး! ထူးချွန်တဲ့ကောင်လေးပဲ! မင်းက ဘယ်အခန်းကလဲကွဲ့?"

ယန်ထန်က ပြုံးတယ်...ပြုံးရင်းနဲ့လဲ ဟယ်ရှင်းချွမ်လက်ကို တွဲလိုက်သေးတယ်။
"၁၂တန်း ဆရာ့ရဲ့အခန်းကကျောင်းသားပါ၊ ယန်ထန်လို့ခေါ်ပါတယ်"

"ယန် ထန်..."

ဆရာကျင်းရဲ့အတွေးများနေပုံကို မြင်တော့၊ ယန်ထန်က ထပ်မံဖြည့်စွက်ပြောပြလာပါတယ်။
"ဟုတ်ပါတယ်၊ ဆရာဆူတာအမြဲခံနေရတဲ့ ကျောင်းသားယန်ထန်ပါ။ အဖေ့လုပ်စာထိုင်စားနေပြီး၊ အဖြစ်မရှိတဲ့ကောင်လို့ အပြောခံရတဲ့သူပါ။ ဘယ်တော့မှထူးချွန်မှာမဟုတ်ဘူးဆိုတဲ့ ယန်ထန်လေ၊ မှတ်မိပြီလားခင်ဗျ?"

Hedgehog And Tiger [Myanmar Translation]Where stories live. Discover now