သွက်လက်ချက်ချာလှသော အတွင်းရေးမှူးကတော့ ပြောစရာမလိုအောင်အကွက်စိ‌သည်။ ထိုစဉ် သရဖီက ဖုန်းလာသောကြောင့် ခွင့်တောင်းကာ နေရာမှ ခေတ္တမျှ ထသွားတော့သည်။

"တတိယအကြိမ် ထပ်ပြီး လက်ထပ်လိုက်တယ်ကြားတုန်းက မယုံနိုင်ဖြစ်သွားတာ၊ အရမ်းလည်းကြီးကြီးကျယ်ကျယ်မဟုတ်လိုက်တော့ Mr.Heinတို့ ဘယ်နားခြေရှုပ်မိခဲ့လို့လဲပေါ့"

Alohaက စကားကို မထိခလုတ် ထိခလုတ်စလာသည်။ စက်နေဟိန်းပြုံးလိုက်ကာ....

"မပူပါနဲ့၊ ကျွန်တော်က ခိုးမစားတတ်ပါဘူး၊ တကယ်ကြိုက်ရင် ပေါ်ပေါ်တင်တင် မိကောင်းဖခင်သားပီသစွာပဲ တောင်းရမ်းပါတယ်"

"သိတာပေါ့၊ ဒါနဲ့ ယောက်ျားလေးနော်၊ တော်တော်လည်းငယ်တယ်ကြားတယ်၊ ငယ်တာလေးတွေဆို Mr.Heinတို့က တကယ်သဘောကျတာနော်"

"အသက်ငယ်ငယ်နဲ့ အရမ်းကိုပြီးပြည့်စုံတဲ့သူတစ်ယောက်မို့ အထီးအမ မကြည့်ဘဲ ကျွန်တော်ရွေးလိုက်တာ၊ အချိန်တောင်သိပ်မယူလိုက်ရဘူး"

"အချို့ရှယ်ယာရှင်တွေ ထွက်သွားတယ်နော်၊ ဒီလက်ထပ်ပွဲနဲ့ပတ်သတ်ပြီး၊ အိုး အတော်စွန့်စားခဲ့တာပဲ"

ဟုတ်သည်။ စက်နေဟိန်းသည် ကောင်လေးတစ်ယောက်နှင့်ယူလိုက်သောကြောင့် မကြိုက်ကြသည့် ရှယ်ယာရှင်အချို့က ချက်ချင်းပင် ထွက်ကုန်ကြသည်။ လက်တွဲထားသည့် စီးပွားမိတ်ဖက်အချို့ကလည်း အင်တင်တင်ဖြစ်သွားကြသည်။ ဉာဏ့်ကိုအကြောင်းရှိလို့သာ လက်ထပ်ခဲ့ရသော်လည်း စက်နေဟိန်းဘက်မှ အတော်လေး ထိထားခဲ့သည်များရှိလေသည်။

"ဒါပေါ့ဗျာ၊ ကျွန်တော်ကသူ့ကိုချစ်တာကိုး၊ မချစ်ဘဲလည်း မနေနိုင်ဘူး၊ သူ့မှာ စောင့်ထိန်းနိုင်တဲ့ လူ့ကျင့်ဝတ်တွေရှိနေတော့"

"အဲ့ဒါက အလွှာပါးလေးပါ၊ အချိန်တန်ရင် ပေါက်သွားတာပဲ၊ ဒါမှမဟုတ် စိတ်ပျက်လာတဲ့အချိန်ပေါ့"

ကြည်လင်ခမျာ စကားတိုက်ပွဲကြားရောက်နေတာ ဘယ်ပြေးလို့ပြေးရမှန်းမသိ။

"ဪ...ဒေါ်လုံးမတို့နေကောင်းရဲ့လား၊ သူတို့ကိုသတိရနေတာ"

"ကောင်းပါတယ်၊ အိမ်သခင်အသစ်လေးကို တာဝန်ကျေပေးနေပါတယ်"

ညံနေအောင်ချစ်မည် (loving you out loud)Where stories live. Discover now