ထိုနေရာကသူတွေဟာဘက်ဝမ်လင်ကို အကျင့်မကောင်းဘူး၊အဲ့လိုလူမျိုးလို့မထင်ထားဘူး၊ ရွံစရာကြီးစသည်ဖြင့် အမျိုးမျိုးပြောနေကြတော့တယ်..ဝမ်ဟာရှင်းယွမ်ကိုဗီဒီယိုတွေရိုက်ခိုင်းထားတာရှိတယ်..အဲ့ဗီဒီယိုကိုလိုင်းပေါ်တင်ခဲ့တာကြောင့် အကုန်လုံးကဘက်ဝမ်လင်ရဲ့ပုံစံအစစ်မှန်ကို တွေ့ပြီးပြောနေကြတာဖြစ်သည်။

ဘက်ဝမ်လင်ကတော့ ..

" မဖြစ်နိုင်ဘူး သူတို့ကငါ့ကိုအဲ့လိုမျိုးပြောတယ်ဆိုတာ လုံးဝမဖြစ်နိုင်ဘူး..ငါကကျန်းမာရေးဝန်ကြီးဘက်ဝမ်လင်နော် သူတို့ကသေချာပေါက်ငါ့ကို ရိုသေကြမှာ မင်းငါ့ကိုလိမ်ပြီးပြနေတာမှတ်လား.."

" ဒီခွေးမသာကငြင်းနေသေးလို့ မင်းရိုက်ထားတဲ့ ဗီဒီယိုကိုပြလိုက်အုန်း...ဒါမှဒီခွေးပါးစပ်ပိတ်မှာ.."

ဝမ်ပြောပြီးရော လွန်ခဲ့တဲ့နာရီဝက်လောက်က ဘက်ဝမ်လင်သူလျို့ဝှက်အဖွဲ့အစည်းကို တည်ထောင်သူဖြစ်တဲ့အကြောင်း လူတွေကိုသတ်တာသူဖြစ်တဲ့အကြောင်း..ဒီကမ်ဘာကိုအုပ်စိုးမဲ့သူဖြစ်ကြောင်းပြောနေတဲ့ အချိန်တုန်းကပုံရိပ်တွေအကုန်ပေါ်လာခဲ့တယ်..သူ့အပြင်သူ့ကိုကပ်ဖားတဲ့အရာရှိလည်း မော်ဟန်ရဲ့ဆရာကိုသတ်တဲ့အကြောင်းတွေ အားလုံးအားလုံးဖန်သာပြင်ပေါ်၌ ပေါ်လာတော့တယ်..

ထိုအချိန်မှာပဲ ဘက်ဝမ်လင်တစ်ယောက်မဖြစ်နိုင်ဘူးမဖြစ်နိုင်ဘူးဆိုတဲ့ စကားကိုသာထက်ထက်ခါခါရွတ်နေတော့တယ်..နောက်တော့ပေါ်လာတဲ့ဖန်သာပြင်ကြီးဟာ ပြန်ပြီးပျောက်ကွယ်သွားတော့တယ်..ထိုအခါမှာပဲဘက်ဝမ်လင်ဟာဝမ်ကို ကြောက်လန့်တကြားလက်ညိုးထိုးပြီး..

" မင်း...မင်းကလူမဟုတ်ဘူး မင်းလူလုံးဝမဖြစ်နိုင်ဘူး..မင်းတကယ်ပဲဘယ်သူလည်း..."

" ငါလား...အင်...ငါကလူမဟုတ်ဘူး..နတ်ဆိုး.."

ဘေးနားကနတ်ဆိုးအစစ်ရှင်းယွမ်- ƪ(‾.‾“)┐
* နတ်ဆိုးဆိုတဲ့နာမည်ကိုအသုံးချစရာလား မသိရင်နတ်ဆိုးဆိုတဲ့နာမည်က ကလေးကစားစရာတောင်ဖြစ်နေပြီ*

ဘက်ဝမ်လင်ဘာစကားမှဆက်မပြောနိုင်ခဲ့။ ခွေးအကြီးတစ်ကောင်လို့ဖြစ်နေလေသည်။ ဝမ်ဟာဘက်ဝမ်လင်ကိုတစ်ချက်ပြုံးပြလိုက်ပြီး ဘက်ဝမ်လင်နားကိုလေရဲ့အရှိန်လိုအမြန်ပြေးသွားကာ ဘက်ဝမ်လင်ရဲ့လည်ပင်းကိုဖြတ်တောက်လိုက်တော့တယ်..နောက်ဆုံးတော့ခေါင်းဟာဘက်ဝမ်လင်ရဲ့ကိုယ်ပေါ်ကနေပြုတ်ကျသွားတော့သည်။

ဒုတိယအခွင့်အရေး (Arc-3) (Oc)Where stories live. Discover now