Arc-3.1(ဝမ်)

4.6K 441 38
                                    

( အပေါ်ကတစ်ယောက်ကတော့ ဇာတ်လိုက်မော်ဟန်လော့..အဟီး..အညိုလေး)

သူမျက်လုံးဖွင့်ဖွင့်ချင်းမြင်လိုက်ရတာတွေကတော့ လူသေအလောင်းများနဲ့သွေးများကို
မြင်လိုက်ရတယ်.. အရင်ကတော့မင်းပိုင်လင်းကြောက်နိုင်ပေမဲ့ ပြီးခဲ့တဲ့ကမ်ဘာကြောင့် သူဒါတွေကိုကြောက်နိုင်တော့မှာမဟုတ်။ မင်းပိုင်လင်းကြောင်ကြောင်တောင်နဲ့ ဘေးပတ်ဝန်းကျင်ကိုလိုက်ကြည့်လိုက်တဲ့အခါ သူဂိုဒေါင်တစ်ခုထဲမှာဆိုတာကို သိလိုက်ရတယ်..

ဒါ့အပြင်သူ့လက်ထဲမှာ တစ်စုံတစ်ခုကိုလည်းကိုင်ထားတယ်လို့ ခံစားရတာကြောင့် သူငုတ်ကြည့်လိုက်တဲ့အခါ ဓားရှည်တစ်ချောင်းမြင်လိုက်ရတယ်..လက်ကိုင်ကတော့အနီရောင်လေး ဓားကတော်တော်လေးထက်နိုင်တယ်..ထိုဓားမှာသွေးများစွာလည်းရှိသည်။

* ငါဝင်တိုင်းဓားတွေနဲ့ပဲ ပတ်သတ်နေအုန်းမလားမသိဘူး *
မင်းပိုင်လင်းထိုသို့တွေးရင်း ဓားကိုစိုက်ကြည့်နေမိတယ်..ထိုအချိန်သူ့နားထဲက နားကြပ်ကနေ မိန်းကလေးအသံတစ်သံကြားလိုက်ရတယ်..

" ဝမ် နင်ပြီးရင်ထွက်လာတော့ နောက်ဆယ်မိနစ်နေရင်ရဲတွေရောက်လာလိမ်မယ်.."

မင်းပိုင်လင်းပြန်မဖြေပဲ သူ့ရဲ့system ကိုလှမ်းခေါ်လိုက်သည်။

' ငါဘယ်လိုလုပ်ရမလဲ..'

' host ဟိုအရှေ့က တံခါးပေါက်ကနေမြန် မြန်ထွက်ပါ မကြာခင်လူတစ်ချို့ဒီကိုရောက်လာလိမ်မယ်..'

' ok..'
မင်းပိုင်လင်းလည်း system ပြောတဲ့အတိုင်း တံခါးပေါက်ကနေမြန်မြန်ထွက်သွားတော့တယ်..မင်းပိုင်လင်းထွက်သွားပြီး10 မိနစ်နေတော့ သေနတ်ကိုင်ဆောင်ထားသောလူတစ်စုရောက်လာခဲ့တယ်..

ထိုလူတစ်စုထဲကအသားညိုညိုနဲ့ တစ်ယောက်ဟာမင်းပိုင်လင်း ထွက်ခွာခဲ့တဲ့တံခါးကိုစိုက်ကြည့်နေခဲ့တယ်..ကျန်တဲ့သူတွေကတော့ လူသေအလောင်းတွေကိုကြည့်ပြီးဆွေးနွေးနေကြတော့တယ်..

" အဲ့အဖွဲ့အစည်းကတော်တော်ကြောက်ဖို့ကောင်းတာပဲ တစ်ယောက်လေးတောင်အသက်ရှင်ခွင့်မပေးဘူး.."

ဒုတိယအခွင့်အရေး (Arc-3) (Oc)Where stories live. Discover now