5.7.2000(part-2)

2.9K 348 53
                                    

( အပေါ်ကတစ်​ယောက်ကဇင်ဟိန်း)

5/7/2000 ( part- 2)

မင်းပိုင်လင်းဟာ သူ့ရဲ့အတန်းထဲကို တစ်နာရီခွဲတော့မဲ့အချိန်မှ ပြန်ရောက်လာခဲ့တယ်..မင်းပိုင်လင်းရဲ့မျက်နှာထက်၌ ပျော်ရွင်နေတဲ့အရိပ်အယောင်များပေါ်လွင်နေတာကို မြင်သူတိုင်းသိနိုင်တယ်..မင်းပိုင်လင်းအတန်းထဲရောက်ရော အတန်းထဲကသူတွေကိုနှုတ်ဆက်တော့တယ်..

သူနဲ့နည်းနည်းရင်းနှီးနေသော တစ်ချို့သူတွေနဲ့ လက်ဝါးချင်းအတူတူရိုက်လိုက်သေး။
မင်းပိုင်လင်းရောက်ပြီးခဏအကြာ လူသုံးယောက်အတန်းထဲကို သဲကြီးမဲကြီးရောက်လာခဲ့တယ်..ထိုသုံးယောက်မင်းပိုင်လင်းကိုမြင်ရော ချက်ချင်းသူ့ဆီပြေးသွားပြီး..

" မင်းပိုင်မင်းဘယ်ရောက်နေတာလည်း..."

" ငါတို့မင်းကိုလိုက်ရှာနေတာ.."

" မင်းဘယ်တုန်းထဲက အတန်းထဲပြန်ရောက်နေတာလည်း.."
ထိုသုံးယောက်ဟာတစ်ယောက်တစ်ပေါက်ဖြင့် မင်းပိုင်လင်းကိုမေးကြတော့တယ်..

ဘုန်း...
မင်းပိုင်လင်းဟာဒေါသထွက်ထွက်ဖြင့် စာပွဲခုန်ကိုရိုက်လိုက်တာဖြစ်တယ်..အခုဆိုရင်ခုနကဆူညံနေတဲ့အသံဟာ တိတ်ဆိတ်သွားတော့တယ်..အဲ့အချိန်မှာပဲမင်းပိုင်လင်းဟာ ဒေါသထွက်နေသော်အသံဖြင့်...

" ငါ့ဘာသာဘယ်သွားသွား မင်းတို့အပူလား..မင်းတို့ကရောငါ့ရဲ့အုပ်ထိန်းသူလား..မင်းတို့မေးတိုင်းဖြေရအောင်မင်းတို့က ငါ့ရည်းစားမလို့လား...ငါမင်းတို့ကိုသည်းခံနေတာ ငါ့သူငယ်ချင်းဖြစ်နေလို့နော်..စည်းမကျော်လာနဲ့ ငါ့ရဲ့ကိုယ်ပိုင်အချိန်ကိုငါ့ဘာသာဘယ်လိုလုပ်လုပ် မင်းတို့ကိုအစီရင်ခံစရာဘာစောက်ကြောင်းမှ မရှိဘူးနော်.."

"......"
ထိုသုံးယောက်ကတော့အဲ့လိုအပြောခံလိုက်ရတာကြောင့် စိတ်ခုသွားတော့တယ်..ကျန်တဲ့သူတွေကမင်းပိုင်လင်းပြောတဲ့စကားကို ထောက်ခံကြတော့သည်။ အတန်းထဲကသူတွေလည်း ထိုသုံး​ယောက်ကိုအခုနောက်ပိုင်းကြည့်မရဖြစ်နေခဲ့။ အေးဆေးနေနေတဲ့မင်းပိုင်လင်းကို နှောက်ယှက်နေတာကြောင့်ပေါ့။

ဒုတိယအခွင့်အရေး (Arc-3) (Oc)Where stories live. Discover now