Arc-3.9

2.7K 341 6
                                    


ဝမ်တို့ဟာအခုတလောအလုပ်ရှုပ်နေခဲ့တယ်.. နားတဲ့အချိန်လေးတောင်များများစားစားမရှိပေ။ ဘာလို့လည်းဆိုတော့ လျို့ဝှက်ခေါင်းဆောင်ဖြစ်သူကို ထုတ်ဖော်ဖို့အတွက်ပေါ့။ တစ်ပတ်ကြာတော့ ဝမ်တို့အကုန်လုပ်ပြီးခဲ့ပြီ ဒါပေမဲ့မထင်ထားတာတွေဖြစ်သွားခဲ့တယ်..သူတို့ပုန်ကန်တော့မယ်ဆိုတာကိုဟိုဘက်က ရိပ်မိသွားခဲ့တယ်..

သူတို့တွေယောင်းယောင်းကို ဖမ်းဆီသွားကြတယ်..သူတို့၅ယောက်ကို လာဖို့ပြောတဲ့နေရာကို သူတို့၅ ယောက်သားသွားခဲ့ရတယ်..သူတို့ကိုချိန်းတဲ့နေရာဟာ မြို့ပြင်မှာရှိသော်စက်ရုံအဟောင်းမှာဖြစ်သည်။ သူတို့၅ယောက်ဟာ ယောင်းယောင်းကိုကယ်ဖို့မကြောက်မလန့်ဖြင့် ထိုနေရာကိုသွားရောက်လာခဲ့တယ်..

ထိုစက်ရုံဟောင်းမှာဆိုရင် ကျန်းမာရေးဝန်ကြီးဘက်ဝမ်လင်လည်း ရှိနေသည်။ ဇိမ်ခံဆိုဖာပေါ်လေးမှာထိုင်ပြီး အေးအေးလူလူဖြင့်အချိုရေလေး သောက်သုံးနေလေတယ်..သူဘေးနားမှာဆိုရင်ဘက်ဝမ်လင်ကို ဖားယားနေသော်လူတစ်ယောက်ရှိတယ်..ထိုလူဟာမော်ဟန်ရဲ့ဆရာမသေခင်တုန်းက တွေ့ခဲ့တဲ့အရာရှိတစ်ဦးဖြစ်တယ်..

သူ့ကြောင့်သာမဟုတ်ရင် မော်ဟန်ရဲ့ဆရာသေမည်မဟုတ်။ အဲ့နေ့ကမော်ဟန်ရဲ့ဆရာပြောနေတဲ့စကားတွေကို ထိုအရာရှိကြားသွားခဲ့တယ်..အဲ့အကြောင်းကိုဘက်ဝမ်လင်ကိုပြောပြခဲ့တာကြောင့် ဘက်ဝမ်လင်ဟာ မော်ဟန်ရဲ့ဆရာကိုသတ်ဖို့လူနှစ်ယောက်လွှတ်ခဲ့တယ်..

မော်ဟန်ရဲ့ဆရာနဲ့အတူတူသေသွားရတဲ့သူဟာ လျို့ဝှက်အဖွဲ့အစည်းမှာ သုံးနှစ်လောက်နေလာခဲ့တဲ့သူဖြစ်သည်။ အဲ့လျို့ဝှက်အဖွဲ့အစည်းအကြောင်းတွေကို မော်ဟန်ရဲ့ဆရာဖြစ်သူချိုင်ဝေလန်ကိုအမြဲတမ်းအဆက်မပြတ် သတင်းပို့ပေးခဲ့တယ်..ထိုအကြောင်းကိုမော်ဟန်မသိပေ။ တမင်သတ်သတ်ကိုဖုံးကွယ်ခဲ့တာဖြစ်တယ်..

မော်ဟန်လိုက်ရှာနေတဲ့ကောင်လေးကို သူကပါလိုက်ပြီးရှာပေးနေခဲ့တာဖြစ်တယ်..မော်ဟန်တစ်ခုခုဖြစ်မှာဆိုးတာကြောင့်ရယ် လျို့ဝှက်အဖွဲ့အစည်းရဲ့သားကောင်ဖြစ်မှာဆိုးတာကြောင့်ရယ် အဲ့အချက်တွေကြောင့်မော်ဟန်ကိုအဲ့လျို့ဝှက်အဖွဲ့အစည်းကြောင်း မဖော်ထုတ်ဖို့ပြောခဲ့တယ်..

ဒုတိယအခွင့်အရေး (Arc-3) (Oc)Where stories live. Discover now