Arc-3.5

3.2K 378 19
                                    

( အပေါ်ကတစ်ယောက်ကတော့ ရွဲချူးလင့်ပါ)

ဝမ်သူပြန်နိုးလာတော့ သူ့ဘေးနားမှာမော်ဟန်လော့မရှိဘူးဆိုတာ သိလိုက်ရတယ်..အဲ့အချိန်အပြင်ကနေဟင်းချက်သံကိုလည်း ကြားလိုက်ရသည်။ သူ့အတွက်မော်ဟန်လော့ထမင်းစားဖို့ ပြင်ဆင်ပေးနေတယ်ဆိုတာလည်း သိလိုက်ရတယ်..ဒါ့ကြောင့်ဝမ်လည်းအခန်းပြင်ကိုထွက်သွားတော့တယ်..

ဝမ်ဟာနံရံကိုမှီပြီးမော်ဟန်လော့ဟင်းချက်နေတာကို တိတ်တဆိတ်သာနေတော့တယ်..မော်ဟန်လော့ကတော့သူ့အနောက်မှာ ဝမ်ရောက်နေတာကိုသူမသိပေ။ ဟင်းကောင်းကောင်းလေးရအောင်ကြိုးစားနေတော့သည်။ ခဏအကြာမော်ဟန်လော့ဟင်းချက်လို့ပြီးသွားခဲ့။ သူအနောက်လည်းလှည့်လိုက်ရော သူ့ကိုကြည့်နေတဲ့ဝမ်ကိုမြင်လိုက်တဲ့အခါ ဝမ်ကိုပြေးသွားကာဖက်နေ၏။

ဝမ်ကလည်းပြန်လည်ဖက်တွယ်လိုက်တယ်..
ခဏနေတော့ဖက်ထားတာကို ပြန်ခွာလိုက်ပြီးဝမ်ရဲ့နှုတ်ခမ်းလေးကို ခပ်ဖွဖွလေးတစ်ချက်နမ်းကာ..

" ဝမ်ဘာလို့ထွက်လာတာလည်း ကိုဟင်းတွေကိုအထဲယူလာပေးမှာပေါ့.."

" ဘာမှမဖြစ်ပါ​ဘူးဒီတိုင်းပါပဲ.."

" ဒါနဲ့အောက်ပိုင်းနာနေသေးလား..."
မော်ဟန်လော့မေးလိုက်တဲ့အခါ ဝမ်ဟာမော်ဟန်လော့ရဲ့ညာဘက်နားကိုကပ်သွားပြီး..

" နောက်တစ်ချီတော့ရသေးတယ်.."

"....."

ရှင်းယွမ် - .....

မော်ဟန်လော့ကတော့ဝမ်ရဲ့အပြောကိုသဘောကျသွားပြီး ရယ်မောလိုက်ကာဝမ်ရဲ့ကိုယ်ကိုပွေ့ချီလိုက်ပြီးအခန်းထဲကိုပြန်ဝင်သွားလိုက်တယ်..system ရှင်းယွမ်ကတော့အခန်းထဲကိုလိုက်မသွားတော့ပေ။ ခုနကမော်ဟန်လော့မပိတ်မိတဲ့မီးလေးကို ပိတ်ပေးလိုက်ပြီးဧည့်ခန်းထဲမှာထိုင်နေတော့သည်။

%%%

ဝမ်တို့နှစ်ယောက်ရဲ့နောက်တစ်ချီဟာ နေ့ခင်းထိရောက်သွားခဲ့တယ်သည်။
.
.
.
အခုတော့ဧည့်ခန်းထဲမှာဝမ်ဟာမော်ဟန်လော့ရဲ့ ပေါင်ပေါ်လေးမှာထိုင်ပြီး အနားယူနေတော့တယ်..အနောက်ကမော်ဟန်လော့ကတော့ ဝမ်ရဲ့ဆံပင်လေးကိုနမ်းလိုက် လည်ပင်းကိုကိုက်လိုက်နဲ့တစ်ယောက်ထဲ အလုပ်ရှုပ်နေတော့တယ်..ရှင်းယွမ်ကတော့လေပေါ်မှာသာ ထိုင်ခုံပေါ်မှာထိုင်နေသလိုမျိုးထိုင်နေတော့တယ်..

ဒုတိယအခွင့်အရေး (Arc-3) (Oc)Where stories live. Discover now