5.7.2000(part-1)

2.8K 369 13
                                    

( အပေါ်ကတစ်​ယောက်ကတော့ မင်းပိုင်လင်းမုန်းတဲ့လေးယောက်ထဲက အောင်ဗိုလ်မင်း)

5/7/2000 ( part-1)

သူပြန်ရောက်လာခဲ့ပြီလေ သူ့ရဲ့အိမ်ကိုဒီတစ်ခါကတော့ အရင်ကလိုမပျော်မရွင်နဲ့မဖြစ်တော့။ ဘာကြောင့်လည်းဆိုတော့သူချစ်ရတဲ့သူနဲ့ နှစ်ပေါင်းများစွာအတူတူနေခဲ့ရလို့ပဲ။ သူ့အပေါ်လူကြီးအချစ်တွေပေါ့သွားမှာစိုးရိမ်နေခဲ့ပေမဲ့လည်း အဲ့လူကြီးဟာသူ့အပေါ်အချစ်တွေမပေါ့တဲ့အပြင် ပိုပိုတိုးပြီးချစ်ပေးတဲ့အတွက် သူအရမ်းဝမ်းသာခဲ့တယ်..

အခုတော့မင်းပိုင်လင်းဟာကုတင်ပေါ်မှာ တစ်ယောက်ထဲပြုံးရယ်နေတော့တယ်..ထိုအချိန်မှာပဲရှင်းယွမ်ဟာ ..

' အမယ်တော်တော်ပျော်နေတယ်ပေါ့..'

" ပျော်တာပေါ့ကွ ငါသူ့ကိုဆက်ချစ်ဖို့ယုံကြည်ချက်တွေရှိနေပြီ.."

' ဟုတ်ပါပြီ မင်းအစားလည်းငါပျော်တယ်.. ဒါနဲ့မင်းသိပြီလားအဲ့လူကြီးက ဘယ်သူလည်းဆိုတာ..'

" ငါထင်တဲ့လူတစ်ယောက်တော့ရှိတယ်..မင်းအရင်ကငါ့ကိုပြောဖူးတယ်နော် အဲ့လူကြီးကငါ့အတွက်နေ့တိုင်း နှလုံးသွေးဖောက်ပေးတယ်ဆိုတာ.."

' ဟုတ်တယ်လေဘာလို့...'

" ငါမနက်ဖြန်ကျရင်ငါထင်နေတဲ့သူကို စမ်းမလို့..မခုတော့မနက်ဖြန်ငါအားအပြည့်ရှိအောင် ငါအခုအိပ်ဖို့လိုပြီ.."

' အိပ်လေ ပုံမှန်အတိုင်းနှိုးပေးမယ်..'

" အင်း ဒါနဲ့မင်းကရောအိပ်မှာလား..သွားချောင်းမှာလား..."

' သွားချောင်းမှာ..'
မင်းပိုင်လင်းဘာမှဆက်မပြောတော့ပဲ အိပ်ဖို့လုပ်တော့တယ်..ခဏနေရောမင်းပိုင်လင်းအိပ်ပျော်သွားတော့တယ်..ရှင်းယွမ်ဟာမင်းပိုင်လင်းအိပ်ပျော်သွားတာ သေချာမှသူ့ရဲ့အချစ်လေးကိုသွားချောင်းဖို့ ထွက်သွားတော့သည်။

%%%

" အာ...ကျွတ်ကျွတ်..ဘာလို့အခုမှအနာကနာရလာတာလည်း.."
ကောင်လေးတစ်ယောက်ဟာ အိပ်နေတုန်းသူ့ဘယ်ဘက်ကဒဏ်ရာဟာ နာကျင်လာတာကြောင့်ညည်းညူမိလိုက်တယ်..ကုတင်ပေါ်ကနေဖြေးဖြေးချင်းထပြီး အကိုက်အခဲပျောက်ဆေးကိုထသောက်တော့သည်။

ဒုတိယအခွင့်အရေး (Arc-3) (Oc)Where stories live. Discover now