Arc-3.3

3.3K 413 22
                                    

(အပေါ်ကတစ်ယောက်ကတော့ ယောင်းယောင်းလေးပါ)

ကျွန်တော်သေဆုံးခဲ့တယ်..ကျွန်တော်ချစ်ရတဲ့သူလေးကိုကယ်ရင်းနဲ့.. နောင်တရလားလို့ကျွန်​တော်ကိုမေးခဲ့ရင်ကျွန်တော်နောင်တမရဘူးလို့ဖြေမှာပဲ။ ဘာကြောင့်လည်းဆိုတော့ာကျွန်တော်ချစ်ရတဲ့သူလေးအသက်ရှည်ရှည်နေတာကို လိုချင်တာကြောင့်ပဲ။ ကျွန်တော်ယုံကြည်တယ် ကျွန်တော်ချစ်ရတဲ့သူဟာကျွန်တော်တို့အတွက် လျို့ဝှက်အဖွဲ့အစည်းကိုဖျက်စီးအောင်လုပ်နိုင်မယ်ဆိုတာကိုပေါ့။

ကျွန်တော်မေ့နေတာ ကျွန်တော်ကိုယ်ကျွန်တော်မိတ်မဆက်ရသေးဘူးပဲ။ ကျွန်တော်နာမည်က ရွဲချူးလင့်ပါ။ လျို့ဝှက်အဖွဲ့အစည်းမှာ ခေါင်းဆောင်ရဲ့အမိန့်ပေးသမျှကို လက်အောက်ငယ်သားတွေဆီ တစ်ဆင့်ပေးရတဲ့သူပေါ့။ ကျွန်တော်ခေါင်းဆောင်ကိုတစ်ခါမှမမြင်ဘူးဖူး။ ဖုန်းထဲကနေသာအမြဲတမ်းပြောနေခဲ့တာကြောင့်ပေါ့။

ကျွန်တော်ဖြစ်နိုင်ရင်လေအဲ့ခေါင်းဆောင်ဆိုတဲ့သူကို သတ်ချင်တယ်..ကျွန်တော်မိဘတွေကိုသတ်ခဲ့တာကြောင့်ရော ကျွန်တော်ချစ်ရတဲ့သူရဲ့မိဘတွေကိုသတ်ခဲ့ရတာကြောင့်ပေါ့။ ကျွန်တော်ရဲ့မိဘတွေကလူကောင်းပါ ဘယ်သူ့ကိုမှလည်းမသတ်ဘူးဖူး လူတွေကိုတောင်လိုက်ကူညီလိုက်သေးတယ်..အဲ့ဒါကိုဘာလို့ကျွန်တော်တို့ မိသားစုကိုဖျက်စီးသွားတာလည်းစဥ်းစားလို့မရဘူး..

အခုကျွန်တော်ပြောနေတာကိုရှုပ်ကောင်းရှုပ်နိုင်မယ်..ခင်ဗျားတို့တွေယုံကြည်မှာတောင် မဟုတ်ဘူးကျွန်တော်က ပြန်လည်မွေးဖွားလာတဲ့သူဆိုတာ..အရင်ကကျွန်တော်ရဲ့အကြောင်းတွေကိုဘာမှမသိခဲ့ဘူး..ဒါပေမဲ့ကျွန်တော်ချစ်ရတဲ့သူလေးကြောင့် အရာအားလုံးမှတ်မိခဲ့တယ်..အော်..တစ်ခါထဲမိတ်ဆက်ပေးရအုန်းမယ် ကျွန်တော်ချစ်ရတဲ့သူလေးနာမည်က မိန်းဟောက်...

ကျွန်တော်ငယ်ရွယ်စဥ်ထဲကချစ်ခဲ့ရတဲ့သူပေါ့။ အရင်ကသူလေးကြောင့်ကျွန်တော်ဘာလို့ လျို့ဝှက်အဖွဲ့အစည်းထဲရောက်နေတာလည်း မှတ်မိခဲ့တယ်..သူလေး​ပြောတဲ့အတိုင်းအရင်ကကျွန်တော် အတိတ်ပြန်သတိရလာအောင်ဖော်ဆက်တဲ့ ဆေးဖော်မြူလာကိုခိုးနိုင်ခဲ့တယ်..

ဒုတိယအခွင့်အရေး (Arc-3) (Oc)Where stories live. Discover now