Arc-3.8

2.9K 352 16
                                    


အချိန်တစ်လဟာလျှင်မြန်စွာ ကုန်ဆုံးသွားခဲ့သည်။ ထိုတစ်လအတော်အတွင်းအရာအားလုံးပြောင်းလဲသွားခဲ့တယ်... မိန်းဟောက်ဟာအဖွဲ့အစည်းအသစ်ကို တည်ထောင်ခဲ့တယ်..လျို့ဝှက်အဖွဲ့အစည်းခေါင်းဆောင်ကိုသတ်ဖို့အတွက်ရည်ရွယ်ပြီး တည်ထောင်ထားတာဖြစ်သည်။

မိန်းဟောက်ရဲ့အဖွဲ့မှာလူတော်တော်များလာခဲ့။ ထိုအဖွဲ့သားအားလုံးဟာမိန်းဟောက်တို့ကို ယုံကြည်ကြသည်။ ဝါရင့်သမားတွေတောင်ပါလိုက်သေး။ ထိုအဖွဲ့အစည်းကသူတွေဟာ သူတို့ရဲ့အတိတ်ကိုမှတ်မိသွားကြပြီဖြစ်တယ်..ရွဲချူးလင့်ကိုယ်တိုင်ဖော်ဆက်ထားတဲ့ဆေးကြောင့်ပေါ့။

ယောင်းယောင်းလည်းသူ့ရဲ့ငယ်ဘဝကို ပြန်အမှတ်ရသွားခဲ့တယ်..ယောင်းယောင်းမှာကျတော့ သူ့ရဲ့မိဘနှစ်ပါးကငယ်ငယ်လေးထဲက သေသွားကြတယ်..သူ့မှာအကိုတစ်ယောက်သာရှိကျန်ရှိခဲ့တယ်..သူ့အကိုဟာသူ့ကိုအရမ်းချစ်တယ်..သူတို့နှစ်ယောက်ကငွေကြေးအဆင်မပြေပေမဲ့လည်း ရှိသလိုစားကြတယ်..

ဒါပေမဲ့တစ်နေ့လူတစ်စုရောက်လာပြီး သူ့အကိုနဲ့သူ့ကိုလာဖမ်းကြတယ်..ယောင်းယောင်းရဲ့အကိုဟာအတင်းရုန်တာပေါ့ ဘာမှန်းမသိတဲ့သူတွေနောက်သူ့ညီမလေးကို မထည့်ချင်တာကြောင့် သူ့ကိုဖမ်းတဲ့သူတွေကိုတိုက်ခိုက်တယ်..ဒါပေမဲ့ကလေးအားနဲ့လူကြီးအားဆိုတော့မမျှပဲ ယောင်းယောင်းအကိုရှုံးသွားခဲ့တယ်..

သူတို့ကိုယောင်းယောင်းရဲ့အကိုက ထိခိုက်ဒဏ်အသေးလေးလုပ်တာကို ဒေါသထွက်ပြီးယောင်းယောင်းရဲ့အကိုကို ယောင်းယောင်းရဲ့ရှေ့မှာတင်သတ်လိုက်တော့တယ်..ယောင်းယောင်းကတော့အဲ့ဒါကိုမြင်ပြီးမေ့လဲသွားခဲ့တယ်..ယောင်းယောင်းနိုးလာတော့ ဘာကိုမှမမှတ်မိသလိုဖြစ်သွားခဲ့တယ်..အတိတ်မေ့ဆေးရည်ကြည်ကြောင့်ပေါ့။

ဟောင်ချင်းလည်းသူ့ရဲ့အတိတ်တွေကို ပြန်မှတ်မိလာခဲ့တယ်..သူဟာငယ်ငယ်လေးထဲက မိဘမဲ့ဂေဟာမှာနေလာခဲ့ရတဲ့သူဖြစ်တယ်..ပြောရမယ်ဆိုရင်မိဘမဲ့ဂေဟာက သူ့ကိုရောင်းစားလိုက်တာကြောင့် သူလျိုဝှက်အဖွဲ့အစည်းကိုရောက်လာခဲ့ရတာဖြစ်သည်။

ဒုတိယအခွင့်အရေး (Arc-3) (Oc)Where stories live. Discover now