Arc-3.2

3.4K 412 14
                                    

(အပေါ်ကတစ်​ယောက်ကတော့ ဇာတ်လိုက်မ မိန်းဟောက်)

" ခေါင်းဆောင်ဘယ်လိုဖြစ်တာလည်း မျက်လုံးအဆင်​ပြေလား.."

" ပြေတယ်..ဘာတွေတွေ့သေးလည်း.."

" ဘာမှတော့မတွေ့ဘူးဗျ ဒါပေမဲ့ဒီကလူတွေအကုန်လုံးက ဓားတစ်ချက်ကြောင့်​သေသွားကြတာပဲ.."

" ဆက်ပြီးစုံစမ်းထားလိုက်.."

" ဟုတ်ကဲ့ခေါင်းဆောင်.."

ခေါင်းဆောင်ဆိုတဲ့တစ်ယောက်ဟာ ခုနကဝမ်နောက်ကိုလိုက်တဲ့တစ်ယောက်ဖြစ်တယ်..ဝမ်ကိုရှာမတွေ့တော့တာကြောင့် ဂိုဒေါင်ထဲကိုပြန်လာခဲ့တာဖြစ်သည်။ သူ့လူတွေကိုအမိန့်ပေးပြီးတာနဲ့ သူ့ရဲ့ကိုယ်ပိုင်ဆိုင်ကယ်ပေါ်ကိုတက်ကာ မောင်းနှင်တော့တယ်..ဆိုင်ကယ်စီးဦးထုပ်ကိုတော့ခေါင်းဖို့လည်းမမေ့ချေ။

ဆိုင်ကယ်ကိုသာမောင်းနှင်နေပေမဲ့ သူ့စိတ်တွေကတော့ လွင့်နေတော့တယ်..သူ့ရဲ့ဆိုင်ကယ်လေးဟာ လူသူကင်းမဲ့လှတဲ့နေရာလေးက အိမ်လေးကိုရောက်ရောရပ်သွားတော့သည်။ ဆိုင်ကယ်ကိုအရိပ်ကျသောနေရာမှာ ရပ်ထားပြီးအိမ်ထဲဝင်သွားတော့တယ်..

အထဲရောက်သွားတာနဲ့ ဧည့်ခန်းထဲကဆိုဖာပေါ်ကို ထိုင်ချလိုက်ပြီး..တစ်ယောက်ထဲစကားတွေပြောနေတော့သည်။

" သူကဝမ်ဖြစ်ဖို့များတယ်..ဝမ်ရဲ့မျက်လုံးအရောင်နဲ့တော်တော်ဆင်တယ်..ဝမ်ဖြစ်မှာပဲ ဝမ်ဘာလို့လူတွေကိုသတ်နေရတာလည်း..ဝမ်ငါ့ကိုမမှတ်မိတော့ဘူးလား..အာ..ဘာတွေဖြစ်သွားတာလည်းကွာ ဝမ်ကိုဒီလိုဖြစ်အောင်ဘယ်ကောင်လုပ်လိုက်တာလည်း..တောက်စ်.."

ထိုဒေါသထွက်ထွက်နဲ့ပြောနေသော်သူမှာ ဇာတ်လိုက်မော်ဟန်လော့ဖြစ်သည်။ မော်ဟန်လော့ဟာ ဝမ်ပျောက်ပြီးတဲ့နေ့ကစပြီး ယခုအချိန်ထိလိုက်ရှာနေခဲ့တာဖြစ်တယ်..သူဝမ်ကိုအရင်ကလည်းမတော်တဆတွေ့ခဲ့သေးတယ်..သူအဲ့တုန်းကအမြင်မှားတယ်လို့သာမှတ်ယူခဲ့တယ်..

ဒါပေမဲ့ဒီနေ့တော့ သူစိတ်အလိုရတိုင်းလုပ်လိုက်တဲ့အခါ သူဝမ်ကိုတွေ့လိုက်ရတယ်..သူဝမ်းသာစွာနဲ့ဝမ်ကို ဖက်ပြီးအလွမ်းသယ်ချင်ပေမဲ့ ဝမ်ကတော့သူ့ကိုတစိမ်းစမ်စွာကြည့်နေခဲ့တယ်..သူနဲ့တောင်တိုက်ခိုက်လိုက်ရတယ်..ဘယ်ကမှန်းမသိတဲ့အငွေ့ကြောင့် သူ ဒုက္ခရောက်နေတုန်း ဝမ်ကထွက်ပြေးခဲ့တယ်..

ဒုတိယအခွင့်အရေး (Arc-3) (Oc)Where stories live. Discover now