Arc-3.6

2.9K 358 13
                                    


ည၇နာရီရောက်သောအခါ၌ ကုတင်ပေါ်လေးမှာအိပ်ပျော်နေသော် မော်ဟန်လော့ကိုကြည့်ပြီး ဝမ်သက်ပျင်းလေချနေမိတယ်..ခုနလေးတင်ရဲစခန်းကနေဖုန်းလာခဲ့တယ်.. ချိုင်ဝေလန်သေဆုံးရတဲ့အကြောင်းအရင်းတွေကို ပြောခဲ့တယ်..

ချိုင်ဝေလန်ရဲ့ကိုယ်ပေါ်၌ကျည်ဆံနှစ်ခုရှိတယ်..ညာဘက်မှာသေနတ်ကျည်ဆံတစ်ခုရှိပြီး နောက်တစ်ချက်ကတော့နှလုံးထဲမှာရှိတယ်..ရှင်းရှင်းပြောရမယ်ဆိုင် နှလုံးထဲရောက်သွားတဲ့ကျည်ဆံကြောင့် ချိုင်ဝေလန်သေဆုံးသွားခဲ့တာဖြစ်တယ်..ချိုင်ဝေလန်မသေခင်နှိပ်စက်ခံထားရတဲ့ ဒဏ်ရာများလည်းကိုယ်ပေါ်မှာရှိတယ်...

ချိုင်ဝေလန်ရဲ့ဘေးနားမှာသေဆုံးသွားတဲ့တစ်ယောက်ကတော့ ချိုင်ဝေလန်ရဲ့လက်အောက်ခံတစ်ဦးဖြစ်သည်။ လျို့ဝှက်စွာစုံစမ်းပေးတဲ့စုံထောက်တစ်ဦးပေါ့။ အဲ့စုံထောက်ကတော့ ခြေထောက်တွေလက်တွေရိုက်ချိုးခံထားရပြီး ဗိုက်ကိုလည်းဓားများနဲ့အထိုးခံခဲ့ရတယ်..

သူကတော့သွေးထွက်လွန်ပြီးသေဆုံးသွားခဲ့ရသည်။ သူတို့ကိုသတ်သွားတဲ့သူရဲ့အကြောင်းကိုတော့ မစုံစမ်းနိုင်သေးပေ။ ဒါပေမဲ့လည်းသူတို့ဟာ လူသတ်သမားရဲ့အကြောင်းကိုမနားတန်းရှာနေတော့တယ်..

အိပ်ပျော်နေသော် မော်ဟန်လော့ကိုစောင်လေးသေချာခြုံပေးခဲ့ပြီး အခန်းပြင်ကိုထွက်လာခဲ့။ ဧည့်ခန်းထဲကဆိုဖာပေါ်မှာ စိတ်ညစ်ညစ်နဲ့ထိုင်ချလိုက်ပြီး သူဘာလုပ်ရမလဲဆိုတာစဥ်းစာတော့တယ်..ခဏနေတော့သူ့ခေါင်းထဲအတွေးတစ်ခုဝင်လာခဲ့တယ်..ချက်ချင်းသူ့ဖုန်းကိုထုတ်လိုက်ပြီး လူတစ်ယောက်ကိုလှမ်းဆက်လိုက်တယ်..

ဟိုဘက်ကလည်းဝမ်လှမ်းဆက်တာနဲ့ ချက်ချင်းကိုကိုင်လိုက်သည်။

" ယောင်းယောင်း ဒီနေ့ညနေလျို့ဝှက်အဖွဲ့အစည်းထဲက ဘယ်သူတွေတာဝန်ထမ်းဆောင်ရလည်းဆိုတာ ငါ့ကိုတစ်ချက်လောက်ရှာပေးပါ မြန်မြန်လေးနော်.."

( okok ယောင်းယောင်းအခုပဲရှာပေးမယ် ဖုန်းမချနဲ့အုန်း..)

" အင်း.."
ဝမ်လည်းယောင်းယောင်းပြောတဲ့အတိုင်း ဖုန်းကိုမချသေးပဲ စောင့်နေခဲ့တယ်..ခဏနေတော့..

ဒုတိယအခွင့်အရေး (Arc-3) (Oc)Where stories live. Discover now