Arc-3.7

2.9K 356 18
                                    


အခန်းငယ်လေးထဲ၌ မိန်းကလေးတစ်ယောက်ဟာခုံပေါ်မှာ ကြိုးများချည်နှောင်ခံထားရလေတယ်..ထိုမိန်းကလေးဟာအကူညီတောင်းချင်လို့အော်ဟစ်ချင်ပေမဲ့လည်း သူ့ပါးစပ်ကိုပိတ်စနဲ့အပိတ်ခံထားရတာကြောင့် သူအသံမထွက်နိုင်ခဲ့။ ကြိုးဖြည်ဖို့ထိုကောင်မလေးကြိုးစားပေမဲ့လည်း မအောင်မြင်ပေ။

ထိုကောင်မလေးရုန်းနေတဲ့အချိန် ခြေသံတစ်သံကြားလိုက်ရတာကြောင့် ထိုကောင်မလေးရုန်းနေတာကိုရပ်လိုက်တယ်..လာရာဘက်ကိုကြည့်လိုက်တဲ့အခါ သူ မထင်ထားတဲ့သူကိုတွေ့လိုက်ရသလိုမျိုး အံ့သြတုန်လှုပ်သွားတော့တယ်..မျက်လုံးကလည်းအသေပြူးထားပြီး ထိုလူကိုကြည့်နေလေတယ်...

ရောက်လာတဲ့သူကတော့ထိုကောင်မလေးပါးစပ်မှာ ပိတ်ထားတဲ့ပိတ်စကိုဖြုတ်ပေးလိုက်တော့တယ်..ထိုအခါမှာပဲ..

" ဝမ်...နင်...ဘာလို့ငါ့ကိုဖမ်းထားတာလည်း ငါတို့ကလျို့ဝှက်အဖွဲ့အစည်းတစ်ခုထဲကလူတွေနော်.."

"....."
ထိုကောင်မလေးပြောတာကို ဝမ်ဟာမကြားချင်​ယောင်ဆောင်ပြီး သူ့ဓားကိုသုတ်နေလေသည်။

" ဝမ်ငါပြောနေတယ်...နင်မကြားဘူးလားလို့ ငါ့ကိုလွှတ်ပေးလို့..."

"......"

" အေးရတယ်နော် နင်မလွှတ်ပေးပဲငါ့ကိုဖမ်းထားရင် ငါ့လူတွေငါကို့လာရှာတဲ့အခါ နင့်ကိုငါသတ်ခိုင်းမှာ..."

" မင်းလူတွေဆိုတော့ မင်းဖင်ပေးတဲ့သူတွေလား..."

" ဘာ!!! နင်..."

" အမှန်တရားပြောတော့နာတယ်ပေါ့..မင်းကလျို့ဝှက်အဖွဲ့အစည်းထဲမှာ မျက်နှာမငယ်ရအောင်ဆိုပြီး မင်းထက်မြင့်တဲ့ ယောကျာ်းလေးတွေဆီမှာမင်းသွားခံတယ်မှတ်လား..."

"....."

" ဒါ့အပြင်မင်းငါ့ရဲ့ခေါင်းဆောင်ကို ထိခိုက်ဒဏ်ရာရအောင်မင်းလုပ်တာပဲမှတ်လား..လွန်ခဲ့တဲ့တစ်ပတ်လောက်ကတော့ မိန်းဟောက်တာဝန်ကျဆုံးတော့မလိုဖြစ်သွားခဲ့တယ်..အဲ့တုန်းကမင်းရဲတွေကိုသူရှိတဲ့နေရာပို့လိုက်တာလေ ကံကောင်းတာကသူလွတ်သွားခဲ့တယ်..ဒါတောင်မင်းဇွဲမလျော့ပဲ သူ့ကိုသတ်ဖို့ကြံသေးတယ်..."

ဒုတိယအခွင့်အရေး (Arc-3) (Oc)Where stories live. Discover now