Arc-3.10(end)

3K 383 12
                                    

" ဒီကမ်ဘာကိုအုပ်စိုးမဲ့ဘက်ဝမ်လင်သခင်ကြီး အခုရောဘာလုပ်မလဲ..."

" မင်းငါ့ကိုသတ်လို့မရဘူး..ငါကကျန်းမာရေးဝန်ကြီးဘက်ဝမ်လင်ပဲ ငါသာသေရင်ငါသေရတဲ့အကြောင်းအရင်းကို စုံစမ်ပြီးမင်းတို့ကိုလိုက်ရှာမှာ..ဟားဟားငါ့ကိုသတ်လို့မရဘူး.."

" အော်..."

"....."

" ခင်ဗျားကအရေးပါတဲ့လူလို့ခင်ဗျားထင်တာလား..ဒါဆိုရင်ခင်ဗျားထင်တာမှားသွားမယ်ဘာလို့လည်းဆိုတော့ အခုခင်ဗျားကအပြစ်သားတစ်ဦးဖြစ်နေလို့ပဲ..."

" မင်းဘာကိုပြောချင်တာလည်း... "

" ရှင်းယွမ်အခုလက်ရှိဝန်ကြီးတို့ ဘာတွေပြောနေလည်းသိရအောင် မြင်မြင်ကျယ်ကျယ်နဲ့မြင်နိုင်အောင် လုပ်ပေးလိုက်အုန်း.."
ဝမ်ဟာသူ့ဘေးနားမှာရှိသော် ရှင်းယွမ်ဘက်ကိုလှည့်ကြည့်ပြီးပြောလိုက်တယ်..အရှေ့ကသူကတော့ဝမ် လေကိုပြောနေတယ်လို့ထင်နေတော့တယ်...

ဘက်ဝမ်လင်တစ်ယောက်ဝမ်ကို အရူးကောင်တစ်ယောက်လိုကြည့်နေသလိုမျိုး ကြည့်နေတဲ့အချိန်မှာပဲ ဘက်ဝမ်လင်ရဲ့ဘေးနားမှာTVကိုကြည့်နေရသလိုမျိုး လူတစ်စုပေါ်လာသည်။ ဘက်ဝမ်လင်လန့်သွားပြီး အော်ဟစ်ရင်း အနောက်ကိုဆုတ်မိသွားတယ်..

ဘက်ဝမ်လင်တစ်ယောက်မယုံကြည်နိုင်အောင် ဖြစ်နေတော့တယ်..ထိုအရာကနေအသံများစွာလည်းထွက်လာ၏။ ဘက်ဝမ်လင်ဆိုတဲ့သူကိုဘယ်လိုအပြစ်ပေးရမလဲဆိုတဲ့အကြောင်း သူတို့မထင်ထားမိတဲ့အကြောင်းတွေပြောနေတဲ့အသံဖြစ်တယ်..ပြောနေတဲ့သူတွေကိုကြည့်လိုက်ရင်တော့ ဝန်ကြီးနဲ့အရာရှိများစွာအစည်းအဝေးခန်းမထဲ၌ ပြောနေကြတာဖြစ်တယ်..

ဘက်ဝမ်လင်ကတော့သူ့ကိုဒီလိုမျိုး ပြောနေကြတယ်ဆိုတာ မယုံကြည်နိုင်ဖြစ်နေလေသည်။

" ရှင်းယွမ်ပြည်သူတွေကရော ကြီးမြတ်လှတဲ့ဘက်ဝမ်လင်ကို ဘာတွေပြောနေလည်းတစ်ချက်လောက်ပြလိုက်ပါအုန်း..."
ဝမ်ပြောပြီးရော ချက်ချင်းကိုနောက်တစ်မျိုးပြောင်းသွားတယ်..ဒီတစ်ခါတော့အထက်အရာရှိများမဟုတ်တော့ပဲ.. ကော်ဖီဆိုင်ထဲသူတွေစျေးထဲကသူတွေဘက်ရောက်သွားတာဖြစ်တယ်..

ဒုတိယအခွင့်အရေး (Arc-3) (Oc)Where stories live. Discover now