"ထန်ကျောင်းတက်တုန်းကဆို၊ ၆လတစ်ခါလောက် ပျောက်ပျောက်သွားတတ်တာ။ ပြန်လာတိုင်းမှာ မျက်စိပျက်မျက်နှာပျက်နဲ့"

ဟယ်ရှင်းချွမ်ဟာ ချက်ချင်းအိပ်ချင်ပြေသွားတယ်။
သိချင်စိတ်လေးနဲ့၊ ဂျေ့ကို အားကိုးတကြီးကြည့်လာပါတော့တယ်။

"အန်ဂျလာနဲ့ငါက အမြဲရန်ဖြစ်နေတတ်ပေမဲ့၊ ထန့်ကိုစိတ်ပူတာကတော့ အတူတူပဲ။ အဲ့တော့ သူ့လေယာဉ်လက်မှတ်ကို တိတ်တိတ်လေးလိုက်စုံစမ်းကြည့်တယ်။ သူက မင်းဆီကိုသွားခဲ့တာ၊ မင်းတော့သိမယ်မထင်ဘူး"

ဂျေရဲ့အင်္ဂလိပ်စကားကို ဟယ်ရှင်းချွမ်ဟာ အားစိုက်နားထောင်နေရပါတယ်။
အချိန်ခဏကြာသွားပြီးမှ၊ စကားရဲ့အဓိပ္ပာယ်အပြည့်အစုံကို သဘောပေါက်သွားခဲ့တယ်။

ထန်ကောက သူ့ဆီကိုပြန်လာနေခဲ့တယ်?

စာသင်ခန်းရဲ့အပြင်ဘက်မှာများ ရပ်ကြည့်နေခဲ့မလား?
ဒါမှမဟုတ်လည်း၊ သူသွားနေကျကန်တင်းဆီ ရောက်လာခဲ့လေမလား?

ရုတ်တရပ်ကြီး နှလုံးသားကနာကျင်လာတယ်။
သူထင်ခဲ့တာက...စောင့်နေရသူက သူဆိုပြီးပေါ့။
နှလုံးသားရဲ့လစ်ဟာမှုခံစားချက်ကြီးကို...ထန်ကောက သူ့ထက်ပိုပြီးတော့ခံစားခဲ့ရမှာပဲ။

ယန်ထန်ပြောခဲ့တဲ့ သူ့ဆီပြေးလာမိမယ်ဆိုတဲ့စကားကို၊ ဟယ်ရှင်းချွမ်ဟာ အခုမှပဲနားလည်တော့တယ်။

သူ့ရဲ့ထန်ကော။

ဘယ်လောက်တောင် သည်းခံနေခဲ့ရမလဲ?

ဂျေက သူ့ရဲ့ဂျေလေးကိုပွေ့ချီကာ၊ သူ့အခန်းဆီပြန်ဝင်သွားတယ်။
အရွယ်အစားကြီးတဲ့ရွှေရောင်ခွေးကြီးဟာ၊ ဂျေ့လက်ထဲမှာတော့ အလေးအချိန်မရှိသည့်အလားပင်။
သူ့သခင်ရဲ့လည်ပင်းကို လျှာလေးနဲ့သပ်နေသေး။

ဟယ်ရှင်းချွမ်ကလည်း အခန်းထဲဝင်သွားလိုက်တယ်။

ရေချိုးခန်းဆီမှရေကျသံကို ကြားနိုင်တယ်။
အိပ်ရာပေါ်ထိုင်ပြီး တွေးတောနေမိကာ...ခဏအကြာမှာတော့ အဝတ်အစားတွေကိုချွတ်လိုက်ပြီး၊ ရေချိုးခန်းထဲ မရဲတရဲလေးဝင်သွားတယ်။

"ရှင်းချွမ်?"

"......"

"ဘာလုပ်နေတာလဲ? ဟေး! ခဏနေဦး!...ဟယ်ရှင်းချွမ်!"

Hedgehog And Tiger [Myanmar Translation]Where stories live. Discover now