အပိုင်း ( ၃၆ )

6.6K 336 6
                                    

  မြတ်သည် ထိုစာကြည့်တိုက်နောက်က လျှို့ဝှက်ခန်းတွင် အတန်ကြာသည့်တိုင် လှည့်ပတ်ကြည့်ရှုနေခဲ့သည်။ ထိုအခန်းတွက် များသောအားဖြင့် ပုံများသည် သူ့ဒယ်ဒီနှင့် မာမားတို့ ငယ်စဉ်က ပုံများ ဖြစ်သည်။ ပုံများကို လေ့လာကြည့်ရသလောက် သူ့မားမားက cross-dresser တစ်ယောက်ဖြစ်ပုံမရချေ။
(Cross-dresser= ဆန့်ကျင်ဘက် လိင်၏ အဝတ်အစားကို ဝတ်ဆင်တတ်သည့် အကျင့်ရှိသူ။)

  အရင်ကတော့ မားမားလို့ ပြောရပေမဲ့ အခုတော့ ပါးပါးပေါ့လေ။ သူ့ပါးပါး၏ ငယ်စဥ်ဘဝတစ်လျှောက်လုံးနေထိုင်ခဲ့သည်တို့ကို ကြည်ခြင်းဖြင့် သူသည် ယောက်ျားလေးတစ်ဦးဖြစ်သာ နေထိုင်ခဲ့ပုံရသည်။ သူ့ပါးပါးက သူချစ်သော အမျိုးသားတစ်ဦးအတွက် သူ့ဘဝကို ပေးဆပ်ပစ်ခဲ့သည်။ မြတ်သည် သူ့ပါးပါးအား ပို၍ပင် လေးစားမိပြန်သည် ။ အရင်ကတော့ သူဘယ်လိုပဲ ထင်ခဲ့ပါစေ ဒါတွေကတော့ အရေးမကြီးတော့ပေ။

   မြတ်သည် သူနှင့် တီချယ်သက်တို့၏ ဓာတ်ပုံများထည့်ထားသော အိတ်ကို ယူကာ ပြန်ခဲ့သည်။ ဒီနေ့တော့လည်း နေက မဆိုစလောက်ပူနေပမဲ့ အပူဒဏ်ကို မခံစားရပေ။ နွေးထွေးသော မေတ္တာလေးကို သူ စတင်ခံစားမိနေပြီ ဖြစ်သည်။ ပျောက်ဆုံးနေသော အလင်းတန်းလေး၏ တဖြည်းဖြည်းတောက်ပနေပုံလေးက  သူ့အား ပျော်ရွှင်စေသည်။

   မြတ်သည် အိမ်ရှေ့ဘဲလ်တီးလိုက်သောအခါတွင် ဒေါ်သက်လျာကျော်က တံခါးလာဖွင့်ပေးသည်။

"အလုပ်သွားတာ မဟုတ်ဘူးလား? ညနေမှ ပြန်လာမယ် ထင်နေတာ "

"ဒီဟာလေး သွားယူတာ "

" ဘာများလဲ ?"

" အထဲရောက်ရင် ကြည့်ကြတာပေါ့၊ ဒါနဲ့ အိမ်ရှေ့တံခါးက ဘဲလ်သံသိပ်မကောင်းဘူးလားလို့ "

" အဲလို မထင်ပါဘူး "

တင်းတောင်
ဒေါ်သက်လျာကျော်က ဘဲလ်ကို တီးလိုက်သည်။

" အသံမကောင်းပါဘူးဆို "
မြတ်က တစ်ချက်နှိပ်လိုက်သည်။

" ထူးခြားသွားတယ်လို့ မထင်ပါဘူး "

  မြတ်နှင့် ဒေါ်သက်လျာကျော်က ဘဲလ်ကို တစ်လှည့်စီနှိပ်နေကြတာ ဘေးခြံက အဖွားက ထွက်ပြောတော့မှ ရပ်လိုက်ကြသည်။ ဒေါ်သက်လျာကျော်နှင့် မြတ်သည် ပြိုင်တူ ရယ်လိုက်မိသည်။ မြတ်သည် ယူလာသော အဝတ်အစားအထုပ်များကို အိမ်အထဲသို့ ယူလာသည်။ ဒုတိယမြောက်အခန်းမှာ မဟုတ်ပေမဲ့ သီးသန့်အခန်းလေး ရသည်။ မြတ်က အဝတ်တွေ ထည့်နေစဉ် ဒေါ်သက်လျာကျော်က မြတ်အား သော့လာပေးသည် ။

မင်းသည်သာ ကိုယ့်ရဲ့ မြတ်နိုးရာ [You are the cause of my Euphoria]Where stories live. Discover now