အပိုင်း ( ၁၈ )

4.2K 360 28
                                    

"ကူညီပေးတဲ့ သူတွေအကုန်လုံးကို အန်တီက ကျေးဇူးတင်ပါတယ်။ မနက်ဖြန်ကျရင် အာရုံဆွမ်းအတွက် ခပ်စောစောလေး ထရမှာ ဖြစ်တဲ့အတွက် မြန်မြန်လေး ရေချိုးပြီး ညစာ စားကြရအောင် " ဟန်နွေရာ အမေသည် ချက်ပြုတ်ထားသော မုန့်ဟင်းခါးအိုးကို အဖုံးပိတ်ရင်း ပြောလိုက်သည် ။

   ကူညီလုပ်ဆောင်နေသော သူများသည် လုပ်လက်စများကို လက်စသတ်ကာ ရေချိုးရန် ပြင်ကြသည်။
"‌ဆရာမလေး ရေချိုးခန်းက နှစ်ခန်းပဲ ရှိတာမို့လို့ နည်းနည်းတော့ စောင့်ပေးပါ၊ သမီးရေ ဆရာမလေးကို ရေချိုးဖို့ တဘတ်တွေ ယူပေးလိုက်ပါဦး " ဟန်နွေရာအမေက  လှမ်းပြောသည်။

"ဟုတ် မေမေ ၊ တီချယ့် သမီးနောက်ကို လိုက်ပေးပါနော်၊ ရေချိုးဖို့ လိုက်ပြပေးပါ့မယ် "

"မြတ်လည်း တီချယ်နဲ့အတူ လာချိုးလိုက်လေ၊ တခြားသူတွေလည်း ချိုးရဦးမှာဆိုတော့ တီချယ်တို့ နှစ်ယောက်ရေချိုးခန်းကို အရင်သုံးကြတာပေါ့ "‌ဒေါ်သက်လျာကျော်သည် မနက်စာကိတ်မုန့်တစ်ချို့ကို လှီးသည်ကို လက်စသတ်ရင်း မြတ်ကို လှမ်းမေးလိုက်သည်။

"ကောင်းသားပဲ၊ မြတ်လည်း အတူတူချိုးလိုက်မယ်လေ ၊အခုတော့ ဒီဟာလေးကို လတ်စသတ်ဦးမယ် "

"အဲတာဆို အပေါ်ထပ်ကို လိုက်လာပေးနော် " ဟန်နွေရာသည် ဗီရိုထဲက တဘတ်များကို ယူကာ အပေါ်ထပ်ကို တက်လာခဲ့သည် ။

    အိမ်က သိပ်မကျယ်တာမို့ လတ်တလောအိမ်ပြောင်းထားတာကြောင့်လည်း ပစ္စည်းတွေက နေရာတကျမဖြစ်သေးပေ။ အိမ်တွင် အခန်းက သုံးခန်းသာ ပါတာကြောင့် မိန်းကလေးတွေ အကုန်လုံးက ဟန်နွေရာအခန်းမှာ အိပ်ရမည် ဖြစ်သည်။ တီချယ်နဲ့  ဟန်နွေရာက အပေါ်ထပ်သို့ တက်သွားစဉ်တွင် မြတ်သည် သူလုပ်ပေးနေသော သစ်သီးလှီးခြင်းကို အလျင်အမြန်ပြီးဆုံးလိုက်စေသည်။

"အန်တီ‌ သမီးကူပေးမယ်" ရှင်းလက်ျာသည် အကြော်တစ်မျိုးကို ပြုလုပ်နေ‌သော ဟန်နွေရာ အမေအနားသို့ သွားကာ ကူညီပေးနေလေသည်။ ထို့ပြင်လည်း မြတ်သတိထားမိသလောက် ရှင်းလက်ျာသည် ဟန်နွေရာအမေအား အလွန်အမင်းကို ဖော်ရွေလေသည်။ ထို့ပြင်လည်း အတော်လေးကို ရင်းနှီးပုံရသည် ။

မင်းသည်သာ ကိုယ့်ရဲ့ မြတ်နိုးရာ [You are the cause of my Euphoria]Where stories live. Discover now