အပိုင်း ( ၂၀ )

4K 360 28
                                    

   "မင်္ဂလာပါ ဆရာကြီး "
အထက်တန်းကျောင်း၏ မနက်ပိုင်းတွင် အတန်းများကို စစ်ဆေးနေသော ကျောင်းအုပ်ဆရာကြီးအား တန်းခွဲA၏ အတန်းခေါင်းဆောင်က နှုတ်ဆက်လိုက်သည်။

    ကျောင်း၏ ပထမဆုံး သုံးချိန်မြောက်သည် ရူပဗေဒအချိန်ဖြစ်တာကြောင့်  ကျောင်းသားတော်တော်များများက အပြင်ဖက်ကို သတိမထားတာကြောင့် ကျောင်းအုပ်ကြီးလာသည်ကို မသိကြပေ။အတန်းခေါင်းဆောင်ကသာအလျင်အမြန် နှုတ်ဆက်လိုက်သည် ။

" ဆရာမ‌ဒေါ်နွယ်နွယ် ကျောင်းသားတွေကို ပြောစရာလေးရှိလို့ ဆရာကြီး အချိန်နည်းနည်းယူချင်တယ်"

"ရပါတယ် ဆရာကြီး စတိတ်စင်ပေါ်ကနေ ပြောလှည့်ပါ"
ဒေါ်နွယ်နွယ်သည်  ဆော့ပင်ကို အဖုံးပိတ်လိုက်ပြီးနောက် စာသင်ရာ စတိတ်ပေါ်ကနေ ဆင်းလိုက်သည်။

   "မင်္ဂလာပါ ကျောင်းအုပ်ဆရာကြီး "

ကျောင်းအုပ်ကြီးက စတိတ်ပေါ်တက်သောအခါတွင် ကျောင်းသား၊ကျောင်းသူအားလုံးသည် ထရပ်ကာ ညီညီညာညာနှုတ်ဆက်ကြလေသည် ။

" အေးကွဲ့ ထိုင်ကြပါ၊ တန်းခွဲ A ကတော့ နာမည်အလိုက်ကို တစ်တန်းလုံး ညီညီညွတ်ညွတ်နဲ့ အမြဲတမ်းစည်းကမ်းလိုက်နာကြလို့ ဆရာကြီးက အားရပါတယ်။ ဒီနေ့ တန်းခွဲA ကို လာရတာကလည်း ဆရာကြီးအနေနဲ့ တန်းခွဲ A က ကလေးတွေကို ဆိုဆုံးမစရာလေးတွေ ရှိလာလို့ပါ။ ကလေးတို့ တက်နေတဲ့ ဒီကျောင်းက ကျား၊မ,ရောထားတဲ့ အထက်တန်းကျောင်း ဖြစ်တယ်။ ပြီးတော့ ကလေးတို့အရွယ်ကလည်း ဆယ်ကျော်သက်အရွယ် မကြာခင်ဆိုရင်ပဲ တက္ကသိုလ်ဝင်တန်း ဖြေပြီးရင် ကိုယ့်ဘဝနဲ့ဆိုင်ရာ ဆိုင်ရာ လမ်းအသီးသီးကို လျှောက်ကြ‌ရတော့မယ်"

" ဒီအရွယ်ကလည်း သစ်ရွက်လှုပ်တာက အစ ရင်ခုန်တတ်တဲ့ အရွယ်ဆိုတော့ ရွယ်တူချင်း ရင်ခုန်သက်ဝင်ကြတာမျိုးက တားလို့ မရဘူး။ အဲတာကလည်း ကလေးတို့ အပြစ်မဟုတ်ပါဘူး၊ ဆရာကြီးဆိုလည်း တစ်ချိန်က ကလေးတို့အရွယ်ကို ဖြတ်လာဖူးတာဖြစ်တဲ့အတွက်ကြောင့် နားလည်ပေးနိုင်တယ်။ သို့ပေသိ 'သိသာသိစေ၊ မမြင်စေနဲ့ ' ဆိုတဲ့ စကားရပ်လည်း ရှိသကိုး၊ အဲတာကြောင့် တိုးတိုးတိတ်တိတ်ရည်ငံတာမျိုးကို ဆရာကြီးတို့ အပြစ်မပေးပါဘူး၊ ဒါပေမဲ့ ဒီနေရာက စာသင်ရာ ကျောင်းတော်ကြီးဆိုတော့ ပညာသင်တာကိုတော့  အနှောင့်အယှက်မဖြစ်စေချင်ဘူး"

မင်းသည်သာ ကိုယ့်ရဲ့ မြတ်နိုးရာ [You are the cause of my Euphoria]Where stories live. Discover now