အပိုင်း ( ၁၅ )

5.1K 375 29
                                    

    ဆောင်းဝင်စဖြစ်သည့်အတွက် တနင်္ဂနွေနေ့၏ မနက်စောစောသည် မြူခိုးများအနည်းငယ်ဝေနေသည်။ သို့သော်လည်း တခဏမျှသာ ကြာခဲ့ပြီးနောက် ပူပြင်းသော အချိန်ကာလကို ရောက်ခဲ့လေသည်။ ရန်ကုန်ဆောင်းသည် အမည်ပင်တပ်မရလောက်အောင် ပျောက်ကွယ်နေခဲ့ပြီ မဟုတ်ပေလော။

    ဒေါ်သက်လျာကျော်သည် မနက်စောစောအချိန်တွင် အားကစားဝတ်စုံကလေးကို ဝတ်ဆင်ကာ လမ်းလျှောက်ထွက်နေသည်။ အသက်အရွယ်ကလေးရလာတော့ ကိုယ့်ကိုယ်ကို ငယ်ရွယ်စဉ်ကလို ပစ်ထား၍ မရတော့ချေ။ ကိုယ့်ကိုယ်သာ ကြင်ပြီး ငြင်သာခါမှ တော်ရာကျမည် မဟုတ်ပေလော။ နံနက်ခင်းအချိန်သည် အပူချိန်သိပ်မများချေ။ထိုအချိန်သည် တစ်နေ့တာတင် အအေးဆုံးဟုဆိုနိုင်တာကြောင့် ကိုယ်လက်လေ့ကျင့်ခန်း တစ်မျိုးမျိုးကို လုပ်နေခါမှ တော်ရာကျမည် မဟုတ်ပေလော။ ဒေါ်သက်လျာကျော်က ငယ်စဉ်အခါက အားကစားကို အထူးတလည်လုပ်ခဲ့သောလည်း အသက်ကြီးမြင့်လာသောအခါတွင် လူမှုရေး၊ စီးပွားရေး၊ သာရေး၊နာရေးကိစ္စ‌များကြောင့် တကူးတက အချိန်မပေးနိုင်တော့ချေ ။ထို့ကြောင့်ပင် မရမကအချိန်ကို လုယူကာ နံနက်ခင်းအချိန်လေး လမ်းလျှောက်ထွက်ရန် ကြိုးစားရသည်။

  မနက်ခင်းလမ်းလျှောက်ထွက်ရာနေရာသည်  ဒေါ်သက်လျာကျော်၏ နေအိမ်မှ အနည်းငယ်ဝေးတာကြောင့် အိမ်က ကားကို မောင်းနှင်ကာ လာရသည်။ လမ်းလျှောက်ရသည် မှန်သော်လည်း စိမ်းလန်းသော နေရာကို လိုချင်သေးသည်။ စိတ်ကြည်သာမှ ကိုယ်နေ‌သာမည် မဟုတ်ပေလော။

    မြို့ပြ စီမံကိန်းအသစ်၏ အစိတ်အပိုင်းသည် ယခုတွင် အကောင်အထည်ပေါ်လာသည်က ခေတ်မီအပန်းဖြေပန်းခြံက သက်သေတည်နေပြီ မဟုတ်ပေလော။ ယခင်က ကျက်တီးလွင်ပြင်ဖြစ်ကာ စွန့်ပစ်စက်ရုံအဟောင်းနေရာသည် အန္တရာယ်များသော ဇုန်တစ်ခုဖြစ်သော်လည်း ယခုတွင်မူ  အများပြည်သူနားနေနိုင်သော ဥယျာဉ်လေး ဖြစ်နေချေပြီ။

   ဒေါ်သက်လျာကျော်သည် ဘဝအမောတွေကို တခဏမေ့ပျောက်ကာ အသက်ရှုလေ့ကျင့်ခန်းနဲ့အတူ လမ်းလျှောက်နေမိသည်။

  ကလင် ကလင်

"တီချယ်သက် "

   စက်ဘီး ဘဲလ်တီးသံနဲ့အတူ ထွက်ပေါ်လာသော မိမိနာမည်အား ခေါ်ဝေါ်နေမှုကြောင့် ဒေါ်သက်လျာကျော် နောက်လှည့်မိသည်။ အားကစားဘောင်းဘီရှည်နဲ့ တီရှပ်လေးတွေကို ဆင်တူဝတ်ထားသော မြတ်၊ ရှင်းလကျာ်နဲ့ ဟန်နွေရာတို့ သုံးဦးကို တွေ့လိုက်ရတာကြောင့် ဒေါ်သက်လျာကျော် အံ့အားသင့်မိသည်။ မြတ်သည်  ဒေါ်သက်လျာကျော်ဘေးတွင် စက်ဘီးကို ရပ်လိုက်ကာ ရှည်လျားသွယ်တန်းသော ခြေထောက်ကြောင့် စက်ဘီးပေါ်ကနေ မြေပြင်ပေါ်ထောက်ကာ ရပ်နေသည်။ ခါတိုင်းချထား‌သော ကုတ်ဝဲ ဆံပင်တိုလေးကို မှီသလောက် စုစည်းထားပြီး အားကစားခေါင်းပတ်လေး ပတ်ထားသည်က လူငယ်တို့၏ ငယ်ရွယ်ခြင်း သဘောတရားကို  ဒေါ်သက်လျာကျော် ခံစားလိုက်ရသည်။

မင်းသည်သာ ကိုယ့်ရဲ့ မြတ်နိုးရာ [You are the cause of my Euphoria]Where stories live. Discover now