အပိုင်း ( ၁၉ )

4.1K 372 35
                                    

ခန်းဆောင်ရွှေ ရဝေတွင်းမှာလ
ချမ်းပေါင်လေ တဖေတင်းသော်လည်း
ဖြေရင်းရယ်တဲ့ ခိုက်ခိုက်တုန်
မျက်တစ်ခတ်၊ ပြက်လျှပ်ကယ် တစ်ဗီဇနာမျှ
ထည်အလွှာ အကုန်ထွေးသော်လည်း
ကြည်အသာ မလုံသေးပါဘု
မှိတ်ပါလျှင် လိပ်ပြာကအေးတာမို့
သွေးလန့်လို့ခုန်။

    တန်းခွဲ A  ၏ မနက်ပိုင်းစာသင်ချိန် ဒုတိယအချိန်သည် မြန်မာစာ အချိန်ဖြစ်လေသည်။ ဆောင်းတွင်းလတစ်လဖြစ်သော နတ်တော်လတွင် အအေးဓာတ်ကလေးသည် အခန်းတွင်းသို့ ခြုံလွှာပါးပါးလေးကဲ့သို့ လွှမ်းခြုံရစ်ပတ်ထားလေသည် ။ မြန်မာစာ ဆရာမသည် အချုပ်တန်းဆရာဖေရေးသားခဲ့သော ဆောင်းရတုပွဲကဗျာကို သင်နေလေသည်။ ပြတင်းပေါက်ဖွင့်ထားတာကြောင့် အခန်းထဲသို့ လေတဝှေ့တိုက်လိုက်သောအခါတွင့် လိပ်ပြာကအေးတာမို့သွေးလန့်လို့ခုန်ဟူသော ကဗျာစာသားအတိုင်း ကျောင်းသားတိုင်းသည် လေအေးကြောင့် ခိုက်ခိုက်တုန်သွားကြလေသည်။ ကျောင်းသားတိုင်းသည် အနွေးထည်ကိုယ်စီ ဝတ်လျက် မြန်မာဆရာမရှင်းပြနေသော မန္တလေးဆောင်း၏ အေးခဲလှပုံကို နားထောင်ရင်း ပို၍ပင် အေးလာသယောင်ရှိနေလေသည်။

   မြတ်သည်လည်း အဖြူရောင်ဆွယ်တာကို ဇစ်အကုန်ဆွဲတင်ထားလျက် ဆရာမသင်ပြသည်ကို လိုက်မှတ်နေလေသည်။  ထိုစဉ် ဟန်နွေရာကမူ မျက်လုံးပင် မပွင့်အောင်ငိုက်နေမြည်းနေလေသည်။ မျက်လုံးကို အတင်းဖွင့်နေရပုံထောက်လျှင် အခုလောက်ဆို ဟန်နွေရာမျက်လုံးထဲတွင် ဆရာမသည် ငါးကိုယ်လောက်ပွားနေလောက်ပြီ ဖြစ်သည်။ သူအိပ်ငိုက်နေသည်ကို မမြင်စေရန်အတွက် ဟန်နွေရာသည် စာအုပ်ကို ထောင်ထားသေးသည်။ မြန်မာစာ ဆရာမသည် အိပ်ငိုက်နေသော ဟန်နွေရာကို သတိထားမိသွားပုံရသည် ။

"ဟန်နွေရာ အိပ်ငိုက်မနေနဲ့တော့ ၊ဟန်နွေရာ " မြတ်သည် ဟန်နွေရာပခုံးကို အသာတိုက်ကာ နှိုးလိုက်သော်လည်း ထိုအရာက ဟန်နွေရာကို ပိုလို့ပင် ချော့သိပ်လိုက်ပုံရသည်။ ခေါင်းငိုက်စိုက်ကျကာ သွားရည်ပင် ကျလာလေသည်။

" ဟန်နွေရာ အချုပ်တန်း ဆရာဖေ ဘယ်မှာ နေသလဲ?"
မြန်မာစာ ဆရာမသည် ခုံကို ထုကာ အိပ်ငိုက်နေသော ဟန်နွေရာကို စာမေးလိုက်သည်။

မင်းသည်သာ ကိုယ့်ရဲ့ မြတ်နိုးရာ [You are the cause of my Euphoria]Where stories live. Discover now