အပိုင်း (၂၈)

3.5K 355 33
                                    


" ဒီ နှစ်ပုံးသယ်ပြီးရင် ပြီးပြီ၊ မြတ် နင်နားနှင့်တော့လေ၊ ငါ ပြီးအောင် သယ်လိုက်မယ်  "

  မှူးသာကျော်က နောက်ဆုံးလက်ကျန် သေတ္တာကို သယ်ရင်း မြတ်အား နားရန် ပြောလိုက်သည်။

   တန်ခူးရဲ့ နွေက အဟုတ်ကို ပူပါသည်။ ကားရပ်ရာ နေရာနှင့် မီးဖိုဆောင်အကြားတွင် နေပူနေတာကြောင့် ကူးလူးဖြတ်သွားသောအခါတွင် ချွေးတဒီးဒီကျလာကာ ဟိုတယ်က‌ ပေးထားသော ယူနီဖောင်း ကြက်သွေးရောင်ဘောင်းဘီရှည်နှင့် ဝါဖျော့ဖျော့ အင်္ကျီက ချွေးဖြင့် စိုစွတ်လာသည်။ မွေးကတည်းက ဖန်တီးပြုလုပ်ထားသော လေထုတွင် ကြီးပြင်းလာရသော အသားနုနုတို့သည် နီရဲကာ နေအနည်းငယ် လောင်သွားကြလေသည်။ သို့သော်လည်း သူတို့ မညည်းညူကြပေ။ အချိန်တန်လျှင် ကြိုးစားခြင်း၏ ရလာဒ်ကို သူတို့ ရလာမည်ဖြစ်သည် အသေအချာကို သိသောကြောင့် ဖြစ်သည်။

   မှူးသာကျော်က မြတ်၏ ချွေးစက်များက နဖူးကနေ ပါးပြင်တစ်လျှောက် ဖြတ်လျှောက်သွားသည် မြင်သောအခါတွင် သူသည် သူ၏ ဘောင်းဘီအိတ်ထဲက လက်သုတ်ပုဝါဖြင့် အသာအယာသုတ်ပေးလိုက်၏။

" မြတ် နင် ချွေးတအား ထွက်နေတယ်။ သွား‌နားတော့လေ "

"မဟုတ်တာ၊ ငါ ကူသယ်ပေးမယ်။ အတူပြီးတော့ အတူနားရတာပေါ့ "

" ကောင်းပြီလေ " မှူးသာကျော်က မုန်လာဥပုံးကို မြတ်အား ပေးရင်း သူပါ သယ်ကာ မီးဖိုဆောင်ကို ထွက်လာခဲ့လေသည်။

    ထိုအချင်းအရာကို ကြည့်နေသူက  Mega လုပ်ငန်းစု၏ CEO ဖြစ်သော ဦးမြတ်မင်းဦး ၊ သူသည် ကလေးသုံးယောက်၏ အကဲဖြတ်မှတ်တမ်းကို ခုလေးတင် ကြည့်လာခဲ့တာကြောင့် ထိုကလေးများအား လူမှုဆက်ဆံရေးပတ်သက်၍ ပိုမိုကောင်းမွန်သော လေ့ကျင့်ရေးသင်တန်းများကို ပိုခိုင်းရမည်ဟု တွေးလိုက်သည် ။

" ဒါလင် အဲကလေးက ဘယ်သူလဲ? ဘေဘီလေးနဲ့ အတူ အလုပ်လုပ်နေတဲ့ ကောင်လေးက သူတို့ကို ကြည့်ရတာ သိပ်ရင်းနှီးပုံပဲ " ဂရေ့သည် မြတ်နဲ့အတူ မုန်လာဥသယ်နေသော ကောင်လေးအား သိလိုစွာ မေးလိုက်၏။

"မှူးသာကျော် ၊ အန်ကယ်ထွန်းရဲ့ သားလေး၊ သူတို့က ရင်းနှီးသွားလည်း ပြသနာ မရှိတာကြောင့် ဟန်နီ စိတ်ပူဖို့ မလိုဘူး "

မင်းသည်သာ ကိုယ့်ရဲ့ မြတ်နိုးရာ [You are the cause of my Euphoria]Where stories live. Discover now