အပိုင်း (၃)

6.1K 461 22
                                    

" တီလေး သားကို ခေါ်တယ်ဆို "
ဆရာမ နားနေခန်းထဲသို့ ဝင်လာသော သန့်ဇင်မောင်သည် ဒေါ်သက်လျာကျော်၏ ဘေး၌ ဝင်ထိုင်လျက် ပြောလိုက်၏။ သန့်ဇင်မောင်သည် ဒေါ်သက်လျာကျော်၏ တူလေးဖြစ်ကာ ဒီကျောင်းကို ၁၀ တန်းနှစ်မှ ပြောင်းလာခြင်း ဖြစ်သည်။

" အပြင်မှာ ညကျောင်းတက်ဖို့ ကိစ္စကို တီလေး စီစဥ်ပြီးပြီ၊ အဲတာကြောင့်အချိန်စာရင်းလာယူခိုင်းတာ၊ "

"မေမေကရော "

"အစ်မနဲ့ ပြောပြီးပြီ၊ အဲတာကြောင့် ငြင်းနေတာရပ်တော့၊ ဟုတ်ပြီလား၊ တက္ကသိုလ်ဝင်တန်းကို ပေါ့ပျက်ပျက်လုပ်မနေစမ်းနဲ့၊ တီလေး မကြိုက်ဘူး။ ဒီနေ့ နေ့လယ်ကျောင်းဆင်းရင် တီလေး ညကျောင်းကို လိုက်ပို့ပေးမယ်၊ ကျောင်းတံခါးဝမှာ စောင့်နေ "

"ဦးမြတ်လင်းခန့်က တီလေးကို လာခေါ်မှာလား?"

" မသိဘူး၊ တီလေးတို့ ညကျောင်းက ဆရာမတွေနဲ့ ပြောစရာရှိသေးလို့ Taxi နဲ့ပဲ သွားကြတာပေါ့ "

   ဦးမြတ်လင်းခန့်သည် ဒေါ်သက်လျာကျော်အား အိမ်မှ မိဘသဘောတူထားသော သူဖြစ်ကာ ဦးမြတ်လင်းခန့်ကလည်း ဒေါ်သက်လျာကျော်အပေါ် ပိုးပန်းနေသူဖြစ်သည်။ သက်လျာအတွက်ကမူ အိမ်၏ သဘောထားကို ငြင်းပယ်မရတာကြောင့် စိတ်ရှည်သည်းခံနေရခြင်းနှင့် အလိုက်သင့်ပြန်လည်ဆက်ဆံပေးရုံသာ ရှိသည်။
    သန့်ဇင်မောင်သည် အန်တီလေးထံမှ မုန့်များကို ဗိုက်ဝသည်အထိ စားသောက်ပြီးနောက် အတန်းပြန်လာခဲ့သည်။

       အင်္ဂလိပ်စာအချိန်ပြီးသောအခါ နောက်တစ်ချိန်ကာယအချိန်ဖြစ်တာကြောင့် အတန်းထဲက ကျောင်းသား/သူများသည် ကျောင်းပန်းခြံနှင့် ဘောလုံးကွင်းအတွင်း သွားရောက်ဆော့ကစားနေသော်လည်း သနားစရာကောင်းလှသော ဟန်နွေရာသည် မျက်နှာငယ်လေးဖြင့် အတန်းထဲတွင် ထိုင်နေရသည်။ ရှေ့အပတ်က အင်္ဂလိပ်စာသဒ္ဒါလေ့ကျင့်ခန်းဖြေဆိုရာတွင် အမှတ် ၅၀ တွင် ၂၀ မှတ်သာ ရသောကြောင့် သူသည် ရှင်းလကျ်ာနှင့် မြတ်တို့က အတင်းဆွဲခေါ်မှုကြောင့် အတန်းတွင်းကျန်ခဲ့ရသည်။ ဒေါ်သက်လျာကျော်သည်လည်း အတန်းအားချိန်ဖြစ်တာကြောင့် ကာယအချိန်တွင် တန်းခွဲ A ၏ အရှေ့၌ ထိုင်နေတာကြောင့် ဟန်နွေရာသည် မျက်နှာငယ်လေးဖြင့် စာလုပ်နေရသည်။ သူ၏ စိတ်ကမူ ဘောလုံးကွင်းထဲသို့ ရောက်နေပြီ ဖြစ်သည်။

မင်းသည်သာ ကိုယ့်ရဲ့ မြတ်နိုးရာ [You are the cause of my Euphoria]Where stories live. Discover now