Chapter(69):သစ်အယ်သီးများ ဝယ်ယူခြင်း

Start from the beginning
                                    

ပထမဆုံးနေ့တွင် ရှုအန်နဲ့တခြားယောက်ျားတွေက မြို့ထဲမှာ ဇောက်နက်ဒယ်အိုးအဝိုင်းကို ထားဖို့အတွက် နေရာတစ်နေရာကို ရှာလိုက်ကြတယ်။ ထို့နောက် သူတို့ရဲ့ခင်ပွန်းသည်တွေ သူတို့စိတ်ကြိုက်အလုပ်လုပ်နိုင်ဖို့ သူတို့တွေကိုချန်ထားပြီး ထွက်သွားကြတော့တယ်။

ဝုမိန်က အမြဲတမ်း ရဲရင့်ဖျတ်လတ်​နေသမား ဖြစ်တာကြောင့် သစ်အယ်သီးတွေ ပထမဆုံးတစ်သုတ် လှော်ပြီးသွားတာနဲ့ သူ့ရဲ့အရောင်းစကားလုံးကို စတင်အော်ပြောတော့တယ်။ "သစ်အယ်သီးလှော်တွေ ပူပူနွေးနွေးအရသာရှိတဲ့ သစ်အယ်သီးလေးတွေ ဖြတ်သွားရင်းနဲ့ မကျော်သွားစေနဲ့နော်။ တစ်ချက် လာကြည့်ကြည့်ကြပါအုံး!"

အော်ရောင်းနေတဲ့ အရောင်းစကားလုံးကိုလည်း ရှုရန်သင်ပေးထားတာဖြစ်တယ်။ အဲ့ဒါက ကောင်းကောင်း မကောင်းကောင်း အလုပ်ဖြစ်နေသရွေ့တော့ အဆင်ပြေပါတယ်။ ဒါ့အပြင် ရှုရန်ရဲ့သင်ကြားပို့ချမှုအရ ဝုမိန်က ဈေးဝယ်သူတွေအတွက် သစ်အယ်သီးအချို့ကို အခမဲ့ကမ်းလှမ်းရအုံးမှာဖြစ်တယ်။ အဲ့ဒါမှလူတွေက သူတို့မဝယ်ခင် မြည်းကြည့်နိုင်ကြမှာဖြစ်တယ်။

ဒီအရာကဒီနေရာမှာ သေချာပေါက်ကို အသစ်အဆန်းဖြစ်နေပြီးတော့ အရင်တုန်းက ဒီလိုမျိုးဘယ်သူကမှ မလုပ်ဖူးခဲ့ကြဘူး။ အထူးသဖြင့် ဒီလိုမျိုး ချမ်းအေးလွန်းတဲ့ရာသီဥတုတွင် ပူပူနွေးနွေးသစ်အယ်သီးတွေကို လက်ထဲမှာကိုင်ထားရတာက မဆိုးလှပါဘူး။ သစ်အယ်သီးကြော်တွေရဲ့ကုန်ကျငွေက အရမ်းမများပါဘူး။ ပြီးတော့ စားသုံးသူတွေအတွက် ဈေးနှုန်းကလည်း အတော်လေး သင့်တော်လှတာကြောင့် လူအများကြီးက သစ်အယ်သီးအထုပ်ကို လာရောက်ဝယ်ယူလာကြတယ်။

ဝုမိန်က အရောင်းစကားပြောဖို့အတွက်နဲ့ ငွေသိမ်းယူဖို့အတွက် တာဝန်ရှိသူဖြစ်တယ်။ ဝုလန်နဲ့လျိုချင်တို့ကတော့ အကြော်အလှော်နဲ့ အထုပ်အပိုးအလုပ်တွင် တာဝန်ယူနေကြရင်း အလုပ်တွေကို ရှင်းရှင်းလင်းလင်း ခွဲထုတ်ထားလိုက်ကြပြီးတော့ အချိန်အလစ်အလပ်မရှိအောင် လုပ်ကိုင်နေကြလျက်ရှိတယ်။ သူတို့တွေ အထုပ်အပိုးခြင်းတောင်းထဲမှာရှိတဲ့ သစ်အယ်သီးတွေအားလုံးကို တစ်မနက်ခင်းမှာတင် ရောင်းကုန်သွားကြတယ်။

Transmigration : TFLOA "Fool" (BL) [Myanmar Translation]Where stories live. Discover now