"ဟယ်ရှင်းချွမ်! စာရွက်စာတမ်းတွေကို ဘယ်လိုစီစဉ်လာတာလဲ!? တရုတ်စာရောသင်ခဲ့ရဲ့လား? စကားလုံးတွေကို သေချာမသုံးတတ်ဘူးလား!?"

ရုံးခန်းထဲမှာ အော်ဆူခံလိုက်ရတဲ့ဟယ်ရှင်းချွမ်ဟာ၊ သက်ပြင်းလေးချရင်း သူ့ရဲ့ကွန်ပျူတာကိုဖွင့်လိုက်တယ်။

သူ့ရဲ့လက်ရှိဘော့စ်က အားလုံးကောင်းပါတယ်...OCD(Obsessive-Compulsive-Disorder) ရှိတာကလွဲရင်ပေါ့။

ပြီးတော့လည်း...အလွန်ပြင်းထန်တဲ့OCDမျိုး။

ခေါင်းစဉ်တိုင်းက စာလုံးအနက်နဲ့ရေးရပြီး၊ စာရွက်ရဲ့အလယ်ခေါင်တည့်တည့်မှာ ဖြစ်နေရမယ်။
ကိုယ်ရေးတဲ့စာကို အမြဲသေချာပြန်စစ်ဆေးရမယ်၊ အမှားလေးတစ်လုံးပါရင်တောင်မှ အစအဆုံးအသစ်ပြန်ရေးရမယ်။
အရောင်ကာလာနဲ့ စာလုံးအရွယ်အစားတွေကလည်း တသမတ်တည်းဖြစ်နေရမယ်။

အမှားတွေကို ပြန်ပြင်ပြီးနောက်မှာ၊ ဟယ်ရှင်းချွမ်က သူ့ရဲ့မှတ်စုစာအုပ်လေးကို ထုတ်တယ်။
ရှေ့နေဖန်ရဲ့နာမည်အောက်မှာ စာကြောင်းဖြည့်တယ်

[ ပုဒ်ဖြတ်ပုဒ်ရပ်တွေလည်း လွဲလို့မဖြစ်ဘူး ]

စန်းအာက ကံကောင်းတယ်လို့ဆိုရမယ်။
ကွာရှင်းခွင့်တရားစွဲဆိုမှုဌာနက အမျိုးသမီးရှေ့နေဟာ အလုပ်သင်တွေကို နူးညံ့စွာပဲဆက်ဆံတယ်တဲ့။

ဟယ်ရှင်းချွမ်အမြင်ကို ကြားတဲ့စန်းအာက အမြန်ခေါင်းခါပြလာတယ်။
"သူမကို တရားခွင်ထဲမှာမမြင်ဖူးသေးလို့ပါ!"

အမျိုးသမီးဖြစ်ပေမဲ့...ပြိုင်ဘက်တွေဟာ လုံးဝတန်ပြန်တိုက်ခိုက်နိုင်စွမ်းမရှိဘူး။

"မင်းတို့ရဲ့ဘော့စ်က တော်တော်ဆိုးတယ်ဆို???"

"အဲ့လိုပြောကျပေမဲ့၊ သင်ယူရတာတွေများတယ်။ အရမ်းမဆိုးဘူးလို့တော့ ထင်တာပဲ"

အတင်းအဖျင်းတွေပြောရင်းပဲ၊ အပြင်ဘက်မှကားဟွန်းတီးသံကို ကြားလိုက်ရတယ်။

ဟယ်ရှင်းချွမ်က ကားကိုသေချာကြည့်နေတယ်၊ စန်းအာက သူ့ပုခုံးကိုပုတ်ပေးလာပြီး
"ထန်ကော လာကြိုပြီနဲ့တူတယ်။ သွား! Valentine's Dayကို ကောင်းကောင်းဖြတ်သန်းခဲ့ကျ!"

Hedgehog And Tiger [Myanmar Translation]Where stories live. Discover now