"Ceo!"
"တံခါးခေါက်ပြီးမှ ဝင်ရမယ်လို့ မပြောထားကြဘူးလား!!"
"မဟုတ်ပါဘူး Ceo ကလည်း ဂျန် က ပြောစရာရှိလို့ပါ~"
ချွဲပစ်နေတဲ့ အသံနဲ့ ပြောလာတဲ့ ဂျန်ဆိုတဲ့ မိန်းကလေး~ဟိုတစ်ခေါက်က အတွင်းရေးမှူးနေရာမှာ အသစ်ခန့်လိုက်တဲ့ လူသစ်~ဘယ်သူက ဘယ်လိုမျက်လုံးမျိုးနဲ့ ခန့်လိုက်မှန်းမသိပေမယ့် အေးအေးဆေးဆေး နေတတ်တဲ့ ဒရေဂိုတောင် ဒီမိန်းကလေးကို မျက်စိ ဆံပင်မွှေးစူးပါသည်~ဘေဘီနဲ့တော့ တွေ့အုံးမှာပဲလို့ ထင်လိုက်ပေမယ့် ငြိမ်နေတဲ့ ဘေဘီ~ပြန်အိပ်ပျော်သွားတယ် ထင်လို့ ကြည့်လိုက်တော့လည်း မျက်လုံးအပြူးရပ်သား သူ့ကို လှမ်းကြည့်နေတယ်~
"ဒါနဲ့ Ceo ဒါက ညီလေးလား~~"
ဆိုကာ ပုခုံးပေါ်က ဘေဘီ့ကို လက်ညိုးထိုးရင်းမေးလာတယ်~ဘေဘီ တစ်ခုခု လုပ်မယ်ထင်လိုက်ပေမယ့် ငြိမ်မြဲတိုင်းသာ ငြိမ်နေတဲ့ ဘေဘီ~
"မဆိုင်တာတွေ မမေးနဲ့"
ဒရေဂို လေသံမာမာနဲ့ ခပ်ပြတ်ပြတ်သာဖြေလိုက်တယ်~
"ဟုတ် ဟုတ် ဟိုဟာလေ ညီမ ကားပျက်သွားလို့ Ceo နဲ့လည်း လမ်းကြုံတယ်ဆိုတော့ လိုက်လို့ရမလားဟင်~~"
"မင်းက ငါဘယ်မှာနေမှန်းမသိဘဲနဲ့ ဘယ်လိုလုပ် လမ်းကြုံတယ်မှန်း သိတာလဲ!!"
"ဒီလိုပါပဲ~~"
ဆိုကာ ရှက်ပြုံးလေးနဲ့ ခေါင်းငုံ့သွားတဲ့ သူမ~ စိတ်ပျက်ဖို့ ကောင်းလိုက်တာ~
"မရဘူး"
ဆိုကာ ထွက်သွားမည် အလုပ် နောက်ပြန်လှည့်လိုက်ပြီး~
"မင်း!"
"ဟုတ် Ceo~~"
"HR ကိုသွား သုံးလစာထုတ်ပြီး လစ်လိုက်တော့!!"
"ဒါပေမယ့် Ceo မဟုတ် Ceo ဒါပေမယ့်--"
အထစ်ထစ်အငေါ့ငေါ့နဲ့ ပြောနေတဲ့ သူမ စကားကို နားမထောင် အားတာကြောင့် သူထွက်လာခဲ့တယ်~ဘေဘီလေး ငြိမ်နေရတဲ့ အကြောင်းအရင်းကိုပဲ သိချင်စိတ်ပြင်းနေတာကြောင့် ကားပါကင်ဆီကိုသာ အရှိန်တင်ပြီး လျှောက်လာခဲ့တယ်~ကားဆီရောက်တော့ ဘေဘီ့ကို lover seat မှာ တင်ပေးလိုက်ပြီး သူကတော့ driver seat မှာ ဝင်ထိုင်ကာ အေးအေးဆေးဆေးဖြစ်မယ့် နေရာလေးကို ထွက်လာခဲ့တယ်~ကားပေါ်မှာလည်း စကားတစ်လုံးမှ မပြောတဲ့ ဘေဘီ့ကြောင့် သူ့စိုးရိမ်စိတ်က အကန့်အသတ်မရြှိမင့်တတ်လာတယ်~အဲ့တာကြောင့် သူလည်း လမ်းဘေးမှာပဲ ကားကို ထိုးရပ်ချလိုက်တယ်~နောက်တော့ ဟယ်ရီ့ဘက်လှည့်ကာ~
"ဘေဘီ"
"ဗျ~"
ဘေဘီကတော့ ဘာမှ မဖြစ်သလို ပြန်ထူးပေမယ့် သူစိတ်က မအေးနိုင်သေးဘူး~
"ဘေဘီ ဘာဖြစ်နေတာလဲ Daddy ကို စိတ်ဆိုးနေတာလား စိတ်ဆိုးရင်လည်း Daddy ကို ပြောလေ Daddy ဘာလုပ်ပေးရမလဲ ဘေဘီ အဲ့လိုကြီးတော့ တိတ်ဆိတ်မနေနဲ့လေ နော်~"
ထိုအခါ သူ့ကို လူထူးဆန်းသဖွယ်ကြည့်လာပြီး ရယ်ကာ~
"Daddy ရေသောက်လိုက်အုံး~"
ဟုဆိုကာ ကားပေါ်မှာ အသင့်ရှိတဲ့ ရေဘူးကို ကမ်းပေးလိုက်တယ်~
"အဲ့တာဆို ဘာလို့ တိတ်ဆိတ်နေရတာလဲ"
"တိတ်ဆိတ်နေတယ်?? မဟုတ်ပါဘူး~"
သူ့စကားကို သံယောင်လိုက်ကာ ငြင်းလာတယ်~
"ဒီတိုင်း Daddy က လိမ္မာတဲ့ဘေဘီလေးကို လိုချင်မလားလို့ စမ်းကြည့်တာ~ခစ်ခစ်"
သူစကားသူ သဘောကျကာ တခစ်ခစ်ရယ်နေတဲ့ ဘေဘီ့ကို မြင်မှ သူ့ရင်ထဲက အလုံးကြီးကျသွားတော့တယ်~
"မလိုချင်ဘူး~ကိုယ်က ကိုယ့်ရဲ့အဆိုးလေးကိုပဲ လိုချင်တာမို့ နောက်ဆို ဒီလိုမလုပ်ပါနဲ့ ကိုယ်မှာတော့ ဘေဘီများ ဘာဖြစ်သလဲဆိုပြီး လန့်သွားတာပဲ~"
"ဟား ဟား ဖြစ်ရလေ Daddy ရယ်~ကယ် အခုတော့ အိမ်ကို အရင်ရောက်အောင် မောင်းလိုက်အုံး~"
"အင်း"
ဆိုကာ ကားစက်နှိုးပြီး လမ်းမကို အာရုံစိုက်လိုက်သော ဒရေဂိုဟာ ဘေးနားက ဟယ်ရီ့ရဲ့ ရေခဲတမျှ အေးစက်တဲ့ မျက်နှာနဲ့ မဲ့ပြုံးလှလှလေးကို မမြင်လိုက်ပါဘူး~တကယ်လိုများ သူသာတွေ့ခဲ့မယ်ဆိုရင် အဲ့ဒီ့ကိစ္စတွေ ဖြစ်လာပါ့မလား~~
.
.
.
.
.
.
~~~~~~~~~~~~~~
ဘာဆက်ဖြစ်မယ်ထင်လဲ မုန်တိုင်းလေးနည်းနည်းလောက် ထည့်လိုက်ရင်ကောင်းမလားလို့~😁
Btw ကြယ်လေးနဲ့မန့်လေးတွေ မျှော်နေပါတယ်
Luv u all🥰😘
#Thinn🐷
YOU ARE READING
~DON'T BLAME ME~
FanfictionUnicode~ "ဘေဘီ့ကိုအပြစ်မတင်နဲ့ Daddy~" Harry James Potter "ဟူး! မင်းလေးကို ကိုယ်လည်းမနိုင်တော့ပါဘူးကွာ~မင်းသိပ်ဆိုးတယ် ဘေဘီ" Draco Lucius Malfoy . . . . . ___________...
Part-10{U/Z}
Start from the beginning
