"အဆိုးလေး ကိုယ်မင်းကို ဘယ်တုန်းက နိုင်ဖူးလို့လဲ"

"နိုင်ပါတယ် နိုင်လို့ပဲ နေ့တိုင်းချီနေတာမဟုတ်ဘူးလား"

ဆိုကာ ပြောင်စပ်စပ်မျက်နှာပေးနဲ့ ပြောလာတယ်~

"ကျောင်းကရော~?"

"တက်တယ်လေ ပြီးမှ Daddy ဆီလာခဲ့တာ~"

"အတန်းလစ်ပြီးတော့ပေါ့~"

"ဒါပေါ့~"

"ဒါဆို....."

သူစကားဆက်ပြောဖို့ ပြင်လိုက်ပေမယ့် နှုတ်ခမ်းပါးပေါ် ကျရောက်လာတဲ့ လက်ညိုးတစ်ချောင်းက ဘာမှဆက်မပြောစေဖို့ အမိန့်ပေးလာတယ်~

"Daddy ဘေဘီ အစောကြီးထထားရတာ အိပ်ချင်တယ် တိုးတိုးနေ"

"ဟုတ်ကဲ့ပါဗျ~"

ဆိုကာ လေသံလေးနဲ့ဖြေပေးလိုက်တယ်~မနက်က ဘယ်အချိန်ကတည်းက ထသွားလဲ မသိပါဘူး နောက်၅မိနစ်လောက်ကြတော့ ရင်ခွင်ထဲ မျက်နှာအပ်ရင်း အိပ်ပျော်သွားလေတယ်~သူလည်း ဘေဘီမနိုးစေရန် သတိထားပြီး အလုက်ဆက်လုပ်နေလိုက်တယ်~

~~~~~~~~~~~~

~ဝွါးးးး~

ဆိုသော အသံနှင့်အတူ လှုပ်လှုပ်ရွရြွဖစ်လာသော ရင်ခွင်ထဲက ပေါက်စ~

"အင်းမ်းး Daddy ဘယ်အချိန်ရှိပြီလဲဟင်"

အိပ်မှုန်စုတ်ဖွားနဲ့ မျက်လုံးတစ်ဖက်ကို ပွတ်ကာ မေးလာသော ဘေဘီက အူယားဖွယ်အတိ~သူလည်း မျက်လုံးကိုပွတ်နေတဲ့ လက်လေးကို နူးနူးညံ့ညံ့အုပ်ကိုင်ပြီး ဖယ်လိုက်တယ်~ဒီလောက်ပွတ်နေရင် မျက်လုံးနုနုလေးတွေ နီကုန်တော့မယ်လေ~

"ညနေစောင်းတော့မယ်~"

ဆိုပြီး အိပ်ထားလို့ ပွရှုပ်နေတဲ့ ဆံစလေးတွေကို ပြင်ပေးရင်း အဖြေပြန်ပေးလိုက်တယ်~

"Daddy အလုပ်က ပြီးပြီလား~"

"ဟုတ် ပြီးသွားပါပြီဗျ~"

"ပြန်ရအောင်လေ~"

"အင်း"

ဆိုကာ ပေါင်ပေါ်က ဘေဘီ့ကိုပွေ့ချီရက်သားနဲ့ ထလျှောက်လိုက်တော့ မေးလေးကို ပုခုံးပေါ်တင်လာပြန်တယ်~ထိုအချိန်~

~DON'T BLAME ME~Where stories live. Discover now