"ပြောပါအုံး ကိုယ်တော်ချောလေး ဘယ်တွေများ သဝေထိုးနေတာလဲ"

"ထွေထွေထူးထူးမဟုတ်ပါဘူး Daddy ကလည်း"

"အဲ့တာဆို ဖုန်းမကိုင်ရတဲ့အကြောင်းလေးကရော~"

"အာ အဲ့တာက ဖုန်းက ကျကွဲသွားလို့~"

"ကျကွဲသွားတယ်?"

သူ သံယောင်လိုက်ပြီး မေးလိုက်တော့ ပုတ်သင်ညိုလို ခေါင်းတစ်ဆတ်ဆတ်ညိတ်ကာ~

"အင်း အင်း ဟုတ်တယ် ဆစ်ဒရစ် ပြောပြလိုက်လေ~"

ဆိုကာ ဘေးက ဆစ်ဒရစ်ကို စစ်ကူခေါ်တဲ့သဘောမျိုးနဲ့ တံတောင်ဆစ်နဲ့တို့လိုက်တယ်~

"ဟုတ်တယ် အစ်ကို သူ့ဖုန်းက ကျကွဲသွားတာ မဟုတ်ဘူး သူတမင်ခွဲလိုက်တာ ဖုန်းတဂွမ်ဂွမ်မြည်နေလို့တဲ့"

"ဆစ်ဒရစ် မင်း!"

"အစ်ကို ကျတော်သွားလိုက်အုံးမယ်"

ဆိုပြီး ဟယ်ရီ့ကို လျှာထုတ်ပြောင်ပြကာ သုတ်သုတ်ထွက်သွားတယ်~ကျန်ခဲ့တဲ့ ဟယ်ရီကတော့ ထွက်သွားတဲ့ သူငယ်ချင်းလေးကို မေတ္တာတွေ တသီကြီးပို့ကာ ဒရေဂို့ဘက်လှည့်ပြီး မျက်နှာချိုသွေးပြနေတယ်~

"အဲ့တာက ဒီလိုရှိတယ် Daddy ရဲ့ ဟီး~"

"ပြောပါအုံး ဘယ်လိုရှိတာလဲ"

"ဒီလိုလေ.~"

ဆိုကာ ဆက်မပြောဘဲ သူ့ပေါင်ပေါ်မျက်နှာချင်းဆိုင် ခွလျက်လာထိုင်လေတယ်~

"မနက်က အစောကြီး ဆစ်ဒရစ်က ဖုန်းဆက်လို့ သူ့ကို လာကူဖိုက် ပေးဆိုလို့ ပြီးတော့ Daddy ကို မနှိုးတာကလည်း မနေ့ညက Daddy နောက်ကျမှ အိပ်တယ်မလား~အဲ့တာကြောင့်ပါ~"

"ဒါဆို ဖုန်းကိစ္စကရော~"

"အာ ဖုန်းက ဖုန်းက အော် ဒီလိုလေ ပွဲဖြစ်နေတဲ့ အချိန် တဂွမ်ဂွမ်မြည်နေလို့ စိတ်မရှည်တာနဲ့~Daddy ဖုန်းမှန်းသိရင် ကိုင်ပါတယ် ဟီးဟီး စိတ်မဆိုးပါနဲ့နော်"

သူ့မျက်နှာရှေ့တည့်တည့်မှာ စကားကို အာမေဋိတ် ပေါင်းစုံနဲ့ ချစ်ဖို့ကောင်းအောင် ပြောနေသော ဘေဘီရယ်ပါ~ဘေဘီ့ရဲ့ နီဆွေးနေတဲ့ ပါးလေးနှစ်ဖက်ကို ကိုင်ဆွဲလိုက်ပြီး~

~DON'T BLAME ME~Dove le storie prendono vita. Scoprilo ora