သူစကားသူ သဘောကျကာ တခစ်ခစ်ရယ်နေတဲ့ ဘေဘီ့ိီကို မြင်မှ သူ့ရင်ထဲက အလုံးကြီးကျသွားတော့တယ်~
"မလိုချင်ဘူး~ကိုယ်က ကိုယ့်ရဲ့အဆိုးလေးကိုပဲ လိုချင်တာမို့ နောက်ဆို ဒီလိုမလုပ်ပါနဲ့ ကိုယ်မှာတော့ ဘေဘီများ ဘာြဖစ်သလဲဆိုပြီး လန့်သွားတာပဲ~"
"ဟား ဟား ဖြစ်ရလေ Daddy ရယ်~ကယ် အခုတော့ အိမ်ကို အရင်ရောက်အောင် မောင်းလိုက်အုံး~"
"အင်း"
ဆိုကာ ကားစက်နှိုးပြီး လမ်းမကို အာရုံစိုက်လိုက်သော ဒရေဂိုဟာ ဘေးနားက ဟယ်ရီ့ရဲ့ ရေခဲတမျှ အေးစက်တဲ့ မျက်နှာနဲ့ မဲ့ပြုံးလှလှလေးကို မမြင်လိုက်ပါဘူး~တကယ်လိုများ သူသာတွေ့ခဲ့မယ်ဆိုရင် အဲ့ဒီ့ကိစ္စတွေ ဖြစ်လာပါ့မလား~~
.
.
.
.
.
.
~~~~~~~~~~~~~~
ဘာဆက်ဖြစ်မယ်ထင်လဲ မုန်တိုင်းလေးနည်းနည်းလောက် ထည့်လိုက်ရင်ကောင်းမလားလို့~😁
Btw ကြယ်လေးနဲ့မန့်လေးတွေ မျှော်နေပါတယ်
Luv u all🥰😘
#Thinn🐷
Zawgyi~
ဒရေဂို မနက်အိပ်ယာနိုးတော့ သူ့ဘေးမှာ ဟယ်ရီမရှိတော့ဘူး~ပုံမှန်ဆို ဒီကောင်လေးက သူနှိုးမှ နိုးတတ်တဲ့ဟာကို~အခု အစောကြီးထသွားတဲ့ အပြင်အိမ်မှာပါ ရှိမနေဘူး~ကျောင်းကိုလည်း ဒီလောက်အစောကြီး ထွက်သွားစရာအကြောင်းလည်း မရှိပါဘူး~အခု ၇ နာရီခွဲတော့မယ် ပြန်မရောက်သေးဘူး~ဖုန်းတဂွမ်ဂွမ်ဆက်နေပေမယ့်လည်း ဆက်သွယ်မှု ဧရိယာပြင်ပနဲ့ တိုးပေါင်းမနည်းတော့ဘူး~ပြန်ရောက်လာမှ ကောင်းကောင်းဆူပြစ်အုံးမယ် ဆိုပြီး တေးထားလိုက်တယ်~
ဟယ်ရီ့ကို စောင့်ရင်းနဲ့ပဲ ဒရေဂိုတစ်ယောက် ရေချိုးကာ ကုမ္ပဏီသွားဖို့ပြင်တော့တယ်~စိတ်မပူဘူးလားဆိုတော့လည်း ပူတာပေါ့~ဒါပေမယ့် သူ့ဘေဘီအကြောင်း သူသိတယ်လေ~တစ်ခုခုဖြစ်ရင်တောင် ဘယ်တော့မှ ခံရမယ့်သူမဟုတ်ဘူး~အဲ့တာကြောင့် သူလည်း ဆက်စောင့်မနေတော့ဘဲ ထွက်လာခဲ့တယ်~
~~~~~~~~~~
မနက်တစ်ပိုင်းလုံးပျောက်နေတဲ့ ဟယ်ရီဟာ နေ့လည်ကျတော့ သူ့ရုံးခန်းကို စပ်ဖြီးဖြီးနဲ့ ရောက်လာပါပြီ~ဘေးမှာလည်း သူ့အချစ်တော် ဆစ်ဒရစ်လည်း ပါလာလေရဲ့~
YOU ARE READING
~DON'T BLAME ME~
FanfictionUnicode~ "ဘေဘီ့ကိုအပြစ်မတင်နဲ့ Daddy~" Harry James Potter "ဟူး! မင်းလေးကို ကိုယ်လည်းမနိုင်တော့ပါဘူးကွာ~မင်းသိပ်ဆိုးတယ် ဘေဘီ" Draco Lucius Malfoy . . . . . ___________...
Part-10{U/Z}
Start from the beginning
