"မင်းက ငါဘယ်မှာနေမှန်းမသိဘဲနဲ့ ဘယ်လိုလုပ် လမ်းကြုံတယ်မှန်း သိတာလဲ!!"
"ဒီလိုပါပဲ~~"
ဆိုကာ ရှက်ပြုံးလေးနဲ့ ခေါင်းငုံ့သွားတဲ့ သူမ~ စိတ်ပျက်ဖို့ ကောင်းလို်က်တာ~
"မရဘူး"
ဆိုကာ ထွက်သွားမည် အလုပ် နောက်ပြန်လှည့်လိုက်ပြီး~
"မင်း!"
"ဟုတ် Ceo~~"
"HR ကိုသွား သုံးလစာထုတ်ပြီး လစ်လိုက်တော့!!"
"ဒါပေမယ့် Ceo မဟုတ် Ceo ဒါပေမယ့်--"
အထစ်ထစ်အငေါ့ငေါ့နဲ့ ပြောနေတဲ့ သူမ စကားကို နားမထောင် အားတာကြောင့် သူထွက်လာခဲ့တယ်~ဘေဘီလေး ငြိမ်နေရတဲ့ အကြောင်းအရင်းကိုပဲ သိချင်စိတ်ပြင်းနေတာကြောင့် ကားပါကင်ဆီကိုသာ အရှိန်တင်ပြီး လျှောက်လာခဲ့တယ်~ကားဆီရောက်တော့ ဘေဘီ့ကို lover seat မှာ တင်ပေးလိုက်ပြီး သူကတော့ driver seat မှာ ဝင်ထိုင်ကာ အေးအေးဆေးဆေးဖြစ်မယ့် နေရာလေးကို ထွက်လာခဲ့တယ်~ကားပေါ်မှာလည်း စကားတစ်လုံးမှ မပြောတဲ့ ဘေဘီ့ကြောင့် သူ့စိုးရိမ်စိတ်က အကန့်အသတ်မရှိမြင့်တတ်လာတယ်~အဲ့တာကြောင့် သူလည်း လမ်းဘေးမှာပဲ ကားကို ထိုးရပ်ချလိုက်တယ်~နောက်တော့ ဟယ်ရီ့ဘက်လှည့်ကာ~
"ဘေဘီ"
"ဗျ~"
ဘေဘီကတော့ ဘာမှ မဖြစ်သလို ပြန်ထူးပေမယ့် သူစိတ်က မအေးနိုင်သေးဘူး~
"ဘေဘီ ဘာဖြစ်နေတာလဲ Daddy ကို စိတ်ဆိုးနေတာလား စိတ်ဆိုးရင်လည်း Daddy ကို ပြောလေ Daddy ဘာလုပ်ပေးရမလဲ ဘေဘီ အဲ့လိုကြီးတော့ တိတ်ဆိတ်မနေနဲ့လေ နော်~"
ထိုအခါ သူ့ကို လူထူးဆန်းသဖွယ်ကြည့်လာပြီး ရယ်ကာ~
"Daddy ရေသောက်လိုက်အုံး~"
ဟုဆိုကာ ကားပေါ်မှာ အသင့်ရှိတဲ့ ရေဘူးကို ကမ်းပေးလိုက်တယ်~
"အဲ့တာဆို ဘာလို့ တိတ်ဆိတ်နေရတာလဲ"
"တိတ်ဆိတ်နေတယ်?? မဟုတ်ပါဘူး~"
သူ့စကားကို သံယောင်လိုက်ကာ ငြင်းလာတယ်~
"ဒီတိုင်း Daddy က လိမ္မာတဲ့ဘေဘီလေးကို လိုချင်မလားလို့ စမ်းကြည့်တာ~ခစ်ခစ်"
YOU ARE READING
~DON'T BLAME ME~
FanfictionUnicode~ "ဘေဘီ့ကိုအပြစ်မတင်နဲ့ Daddy~" Harry James Potter "ဟူး! မင်းလေးကို ကိုယ်လည်းမနိုင်တော့ပါဘူးကွာ~မင်းသိပ်ဆိုးတယ် ဘေဘီ" Draco Lucius Malfoy . . . . . ___________...
Part-10{U/Z}
Start from the beginning
