"အင်းမ်းး Daddy ဘယ်အချိန်ရှိပြီလဲဟင်"

အိပ်မှုန်စုတ်ဖွားနဲ့ မျက်လုံးတစ်ဖက်ကို ပွတ်ကာ မေးလာသော ဘေဘီက အူယားဖွယ်အတိ~သူလည်း မျက်လုံးကိုပွတ်နေတဲ့ လက်လေးကို နူးနူးညံ့ညံ့အုပ်ကိုင်ပြီး ဖယ်လိုက်တယ်~ဒီလောက်ပွတ်နေရင် မျက်လုံးနုနုလေးတွေ နီကုန်တော့မယ်လေ~

"ညနေစောင်းတော့မယ်~"

ဆိုပြီး အိပ်ထားလို့ ပွရှုပ်နေတဲ့ ဆံစလေးတွေကို ပြင်ပေးရင်း အဖြေပြန်ပေးလိုက်တယ်~

"Daddy အလုပ်က ပြီးပြီလား~"

"ဟုတ် ပြီးသွားပါပြီဗျ~"

"ပြန်ရအောင်လေ~"

"အင်း"

ဆိုကာ ပေါင်ပေါ်က ဘေဘီ့ကိုပွေ့ချီရက်သားနဲ့ ထလျှောက်လိုက်တော့ မေးလေးကို ပုခုံးပေါ်တင်လာပြန်တယ်~ထိုအချိန်~

"Ceo!"

"တံခါးခေါက်ပြီးမှ ဝင်ရမယ်လို့ မပြောထားကြဘူးလား!!"

"မဟုတ်ပါဘူး Ceo ကလည်း ဂျန် က ပြောစရာရှိလို့ပါ~"

ချွဲပစ်နေတဲ့ အသံနဲ့ ပြောလာတဲ့ ဂျန်ဆိုတဲ့ မိန်းကလေး~ဟိုတစ်ခေါက်က အတွင်းရေးမှူးနေရာမှာ အသစ်ခန့်လိုက်တဲ့ လူသစ်~ဘယ်သူက ဘယ်လိုမျက်လုံးမျိုးနဲ့ ခန့်လိုက်မှန်းမသိပေမယ့် အေးအေးဆေးဆေး နေတတ်တဲ့ ဒရေဂိုတောင် ဒီမိန်းကလေးကို မျက်စိ ဆံပင်မွှေးစူးပါသည်~ဘေဘီနဲ့တော့ တွေ့အုံးမှာပဲလို့ ထင်လိုက်ပေမယ့် ငြိမ်နေတဲ့ ဘေဘီ~ပြန်အိပ်ပျော်သွားတယ် ထင်လို့ ကြည့်လိုက်တော့လည်း မျက်လုံးအပြူးရပ်သား သူ့ကို လှမ်းကြည့်နေတယ်~

"ဒါနဲ့ Ceo ဒါက ညီလေးလား~~"

ဆိုကာ ပုခုံးပေါ်က ဘေဘီ့ကို လက်ညိုးထိုးရင်းမေးလာတယ်~ဘေဘီ တစ်ခုခု လုပ်မယ်ထင်လိုက်ပေမယ့် ငြိမ်မြဲတိုင်းသာ ငြိမ်နေတဲ့ ဘေဘီ~

"မဆိုင်တာတွေ မမေးနဲ့"

ဒရေဂို လေသံမာမာနဲ့ ခပ်ပြတ်ပြတ်သာဖြေလိုက်တယ်~

"ဟုတ် ဟုတ် ဟိုဟာလေ ညီမ ကားပျက်သွားလို့ Ceo နဲ့လည်း လမ်းကြုံတယ်ဆိုတော့ လိုက်လို့ရမလားဟင်~~"

~DON'T BLAME ME~Where stories live. Discover now