"အဲ့တာက ဒီလိုရှိတယ် Daddy ရဲ့ ဟီး~"

"ပြောပါအုံး ဘယ်လိုရှိတာလဲ"

"ဒီလိုလေ.~"

ဆိုကာ ဆက်မပြောဘဲ သူ့ပေါင်ပေါ်မျက်နှာချင်းဆိုင် ခွလျက်လာထိုင်လေတယ်~

"မနက်က အစောကြီး ဆစ်ဒရစ်က ဖုန်းဆက်လို့ သူ့ကို လာကူဖိုက် ပေးဆိုလို့ ပြီးတော့ Daddy ကို မနှိုးတာကလည်း မနေ့ညက Daddy နောက်ကျမှ အိပ်တယ်မလား~အဲ့တာကြောင့်ပါ~"

"ဒါဆို ဖုန်းကိစ္စကရော~"

"အာ ဖုန်းက ဖုန်းက အော် ဒီလိုလေ ပွဲြဖြစ်နေတဲ့ အချိန် တဂွမ်ဂွမ်မြည်နေလို့ စိတ်မရှည်တာနဲ့~Daddy ဖုန်းမှန်းသိရင် ကိုင်ပါတယ် ဟီးဟီး စိတ်မဆိုးပါနဲ့နော်"

သူ့မျက်နှာရှေ့တည့်တည့်မှာ စကားကို အာမေဋိတ် ပေါင်းစုံနဲ့ ချစ်ဖို့ကောင်းအောင် ပြောနေသော ဘေဘီရယ်ပါ~ဘေဘီ့ရဲ့ နီဆွေးနေတဲ့ ပါးလေးနှစ်ဖက်ကို ကိုင်ဆွဲလိုက်ပြီး~

"အဆိုးလေး ကိုယ်မင်းကို ဘယ်တုန်းက နိုင်ဖူးလို့လဲ"

"နိုင်ပါတယ် နိုင်လို့ပဲ နေ့တိုင်းချီနေတာမဟုတ်ဘူးလား"

ဆိုကာ ပြောင်စပ်စပ်မျက်နှာပေးနဲ့ ပြောလာတယ်~

"ကျောင်းကရော~?"

"တက်တယ်လေ ပြီးမှ Daddy ဆီလာခဲ့တာ~"

"အတန်းလစ်ပြီးတော့ပေါ့~"

"ဒါပေါ့~"

"ဒါဆို....."

သူစကားဆက်ပြောဖို့ ပြင်လိုက်ပေမယ့် နှုတ်ခမ်းပါးပေါ် ကျရောက်လာတဲ့ လက်ညိုးတစ်ချောင်းက ဘာမှဆက်မပြောစေဖို့ အမိန့်ပေးလာတယ်~

"Daddy ဘေဘီ အစောကြီးထထားရတာ အိပ်ချင်တယ် တိုးတိုးနေ"

"ဟုတ်ကဲ့ပါဗျ~"

ဆိုကာ လေသံလေးနဲ့ဖြေပေးလိုက်တယ်~မနက်က ဘယ်အချိန်ကတည်းက ထသွားလဲ မသိပါဘူး နောက်၅မိနစ်လောက်ကြတော့ ရင်ခွင်ထဲ မျက်နှာအပ်ရင်း အိပ်ပျော်သွားလေတယ်~သူလည်း ဘေဘီမနိုးစေရန် သတိထားပြီး အလုက်ဆက်လုပ်နေလိုက်တယ်~

~~~~~~~~~~~~

~ဝါွးးးး~

ဆိုသော အသံနှင့်အတူ လှုပ်လှုပ်ရွရွဖြစ်လာသော ရင်ခွင်ထဲက ပေါက်စ~

~DON'T BLAME ME~Where stories live. Discover now