သူဖျားနေတာ!

မဖျားတာ ဘယ်လောက်ကြာခဲ့ပြီလဲ။

ယန်ထန်က သက်ပြင်းတစ်ချက်ချလိုက်ပြီး
"ပြောစရာအကြောင်းအရာကျန်သေးလား?"

"ကျန်လည်း နင်ဘာလုပ်မလို့လဲ!? သွား! အိမ်ပြန်ပြီးနားလိုက်တော့! ချွမ်ကိုလာကြိုခိုင်းလိုက်မယ်"

"မလိုဘူး"
ယန်ထန်က သူ့နာရီကိုငုံ့ကြည့်မိတယ်။
"ဒီည ကိစ္စတစ်ခုရှိသေးတယ်"

အန်ဂျလာကတော့ မျက်စောင်းလေးလှမ်းထိုးကာ
"သေချင်နေလို့လား!? နင့်ခေါင်းက ဘာပါလိမ့်?...ရှောင်လုံပေါင်းထက်တောင် ပိုပူနေသေးတယ်!"

"အဲ့ဒါက ဖက်ထုပ်စွပ်ပြုတ်ပါဆို"

...

ဝူကျင်း ဖက်တီးတို့နဲ့ညစာစားပြီးနောက်မှာ၊ ယန်ထန်ဟာ အိမ်ဆီမနည်းပြန်လာခဲ့ရပါတယ်။

ခေါင်းတွေကိုက်နေတယ်...

နှာတစ်ချက်ထပ်ချေလာပြီး အိမ်တံခါးကိုဖွင့်လိုက်တော့၊ ဟယ်ရှင်းချွမ်က သူ့ကိုယ်ပေါ်ဖက်တက်လာပြန်ရဲ့။

ဒီဖြူလေးက ပိုလေးလာပြန်ပြီ!

တံခါးဘောင်ကိုအားပြုလိုက်ကာ၊ ဟယ်ရှင်းချွမ်ခါးကိုလည်း ထိန်းကိုင်ထားရသေးတယ်။
"ရှင်းလျန်ရော?"

"ကျောင်းကိုပြန်သွားပြီ"
ဟယ်ရှင်းချွမ်က အပြုံးချိုချိုလေးပြုံးလျက်
"ရှင်းလျန်ကပြောတယ်၊ ဝင်ခွင့်စာမေးပွဲဖြေပြီးရင် ဆုံးဖြတ်ချက်ချမယ်တဲ့။ သူ့ကိုဖုန်းဆက်ချင်သေးလား? သူ ညကအရမ်းငိုခဲ့သေးတာ၊ ရယ်ချင်စရာကြီး!"

ယန်ထန်ကို ဖြူခါးသွယ်သွယ်ကိုဖျစ်ညှစ်မိတယ်
"သူများကို သွားရယ်နေသေးတယ်။ ငါ့ဆီအငိုနဲ့ပြေးလာပြီး၊ ရှင်းလျန်ထွက်ပြေးသွားကြောင်းပြောတာ ဘယ်သူလေးပါလိမ့်?"

ယန်ထန်ရဲ့ဖော်ကောင်လုပ်မှုအပေါ် ဟယ်ရှင်းချွမ်ကစိတ်မဆိုးရပါဘူး။
သူ့ထန်ကောအပေါ် ပိုမိုတိုးကပ်ဖက်တွယ်လာပြီး...ရုတ်တရပ်ရပ်တန့်သွားလေရဲ့
"ကော! အသားတွေအရမ်းပူနေတယ်!"

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
[Zawgyi]

နိုဝင်ဘာလသို့ကူးပြောင်းခါနီး၊ ဒီမြို့လေးရဲ့အပူချိန်ဟာ ကိန်းဂဏန်းတစ်ခုအဖြစ်သာ တည်ရှိနေခဲ့တယ်။

Hedgehog And Tiger [Myanmar Translation]Where stories live. Discover now