ချင်းနံ့သင်းသင်းဟာ အခန်းတစ်ခုလုံးကိုဝေ့ပတ်နေခဲ့တယ်၊ သက်တောင့်သက်သာဖြစ်စေပါတယ်။

နှုတ်ခမ်းတွေကိုတင်းတင်းစေ့မိကာ၊ ဟယ်ရှင်းလျန်ဟာ မီးဖိုခန်းထဲလျှောက်သွားလိုက်တယ်။

"ရှင်းလျန်!...အာ...ချင်းစွပ်ပြုတ်ချက်ထားတယ်..."

ဟယ်ရှင်းလျန်က 'အင်း'တစ်လုံးသာပြန်ဖြေမိတယ်။
ခဏအကြာမှ
"ကိုကို...ဒီည ကိုကိုနဲ့လာအိပ်လို့ရမလား?"

"...ရပါတယ်၊ အေးနေတုန်းပဲလား?"

"သိပ်မအေးတော့ပါဘူး၊ ရေသွားချိုးလိုက်ဦးမယ်"

"ဟုတ်ပြီလေ"

ရေချိုးခန်းထဲဝင်သွားတဲ့ဟယ်ရှင်းလျန်ကို စိုက်ကြည့်နေရင်း၊ ယန်ထန်က နှာချေမိတယ်။

သေစမ်း! အေးလိုက်တာ!

ဟယ်ရှင်းလျန်ပြန်ထွက်လာချိန်မှာ၊ သူ့မျက်လုံးတွေဟာ နီရဲနေခဲ့ပါတယ်။
ညီအစ်ကိုနှစ်ယောက် အခန်းထဲဝင်သွားကျပြီး၊ ကောင်းစွာစကားပြောဖြစ်ပါလိမ့်မယ်။

တစ်ယောက်တည်းကျန်ခဲ့တဲ့ယန်ထန်က၊ နှာချေချင်နေတဲ့ သူ့နှာခေါင်းသူပွတ်သပ်နေတယ်။
ဧည့်ခန်းထဲမှာထိုင်ကာ၊ တီဗီမှာလာနေတဲ့အားကစားပွဲကို ထိုင်ကြည့်နေခဲ့ရင်း။

အိမ်လေးကတော့ နွေးထွေးနေဆဲပင်။

...

"ထန်?"

ယန်ထန်က တစ်ဖက်လှည့်ကာနှာချေတယ်။
ထို့နောက်မှာတော့၊ မျက်နှာမပျက် အန်ဂျလာဖက်ပြန်လှည့်လာတယ်။

တစ်ချိန်လုံးချေချင်နေတဲ့နှာခေါင်းကြောင့်၊ ယန်ထန့်လေသံဟာ အနည်းငယ်နှာသံပေါက်နေခဲ့တယ်။
သူ့အသက် သူ့အရွယ်ဖြင့်လိုက်ဖက်ညီစွာပေါ့။

ပုံမှန်ယန်ထန်က အသက်၅၀အရွယ်ဦးလေးကြီးလိုပဲ၊ တင်းမာတဲ့မျက်နှာထားနဲ့ အလုပ်လုပ်လေ့ရှိတယ်။
အတွင်းရေးမှူးလေးဟာ ယန်ထန့်ရုံးခန်းထဲဝင်ရချိန်တိုင်း၊ တွန့်ချိုးနေကျမျက်ခုံးတွေကြောင့် ဇောချွေးပါပြန်ရလေ့ရှိတယ်။

အန်ဂျလာက သူ့နှဖူးကိုလှမ်းစမ်းလာတယ်
"ထန်! နင်ဖျားနေတာလား? နင်က ဖျားနိုင်သေးတယ်ပေါ့!?"

Hedgehog And Tiger [Myanmar Translation]Where stories live. Discover now