ကျောင်းသားလေးက အနည်းငယ်အံ့ဩသွားပုံပင်။
ခေါင်းလေးကုတ်ရင်း၊ ရှက်ပြုံးလေးပါပြုံးနေတယ်။

လူငယ်တွေများနော်!

ပန်းနုရောင်မြင်ကွင်းလေးဆီမှ အကြည့်လွှဲလိုက်ပြီး၊ သူ့ဖြူလေးရဲ့လက်ကို ဆုပ်ကိုင်လိုက်တယ်။
အမြဲနွေးထွေးနေကျလက်ဖဝါးငယ်ဟာ၊ အခုအချိန်မှာတော့ အေးစက်နေခဲ့ပါတယ်။
ချွေးစေးတွေပါပြန်လို့။

"သူ့ကိုမပြောပြသေးဘူးလား?"

ဟယ်ရှင်းချွမ်က ခေါင်းခါတယ်
"ငါ...နည်းနည်းလေး...စကားစမရှာနိုင်သေးလို့..."

...

အိမ်ပြန်ရောက်ချိန်မှာ၊ ညီအစ်ကိုနှစ်ယောက် စကားပြောနိုင်ဖို့အတွက် ယန်ထန်ကရှောင်ပေးလိုက်တယ်။
တီဗီဖွင့်ထားတဲ့ဧည့်ခန်းငယ်ထဲ၊ ဆိုဖာပေါ်ထိုင်နေတဲ့ညီအစ်ကိုနှစ်ယောက်။

"ရှင်းလျန်...ကိုကို့မှာပြောစရာရှိတယ်"

ဟယ်ရှင်းလျန်က စားပွဲပေါ်ရှိချိုချဉ်ဗူးကို မွှေနှောက်နေခဲ့တယ်။ သူက မက်မွန်သီးအရသာလိုက်ရှာနေခဲ့တာလေ။
"ဘာလို့လဲ?"

"......"

ချိုချဉ်ကို ပါးစပ်ထဲထည့်လိုက်တယ်၊ ထို့နောက်မှာတော့ သူ့ကိုကိုဘေးနားဝင်ထိုင်လာတယ်။
"ကိုကို တနေကုန်ထူးဆန်းနေသလိုပဲ? ထန်ကောနဲ့ရန်ဖြစ်ထားလို့လား?"

"ထန်ကောကိစ္စမဟုတ်ဘူး...မင်းရဲ့ကိစ္စ"

"ကျွန်တော့်ကိစ္စဆို ဘာတွေခက်ခဲနေတာလဲ!? ဒီညီအစ်ကိုတွေက အမြဲအတူရှိလာခဲ့တဲ့ဟာ! ဘာတွေများကွယ်ဝှက်ထားရမှာလဲ!?"

"ညီအစ်ကိုမဟုတ်ဘူး"

"ဟမ်?"

"ငါတို့က ညီအစ်ကိုတွေမဟုတ်ဘူးလို့"

ဟယ်ရှင်းလျန်ဟာ အပြုံးတွေကိုရပ်တန့်လိုက်တယ်။ သူ့အစ်ကိုလက်မောင်းကို ဆွဲကိုင်လာပြီး
"ကိုကို ဘာတွေပြောနေတာလဲ!? ကျွန်တော် စိတ်ဆိုးလိုက်မှာနော်!"

ဇာတ်လမ်းလေးက ကြောက်စရာကောင်းလောက်အောင် ရိုးရှင်းနေခဲ့ပါတယ်။
ဟယ်ရှင်းချွမ်စကားတွေက တရားခွင်မှလျှောက်လဲချက်တစ်ခုအလားပင်။

Hedgehog And Tiger [Myanmar Translation]Where stories live. Discover now