Part - 28

1.2K 106 22
                                    

Unicode >>>

" Chae....."

" ဘာလာလုပ်တာလဲ Gi "

"ဟို...Chae ဆီ လာတာလေ "

" Sorry ၊ Gi ရဲ့ အိမ် ဆိုတာ မေ့သွားတယ် "

" အာ ၊ အဲ့လိုမဟုတ်ပါဘူး ကိုယ်က Chae ကို လာတွေ့ရုံပါ ဒီမှာ Chae အတွက် Omma ကိုယ်တိုင် ချက်ပေးလိုက်တဲ့ ဟင်းတွေ ၊ ဒါက Chae ငယ်ငယ်က အရမ်းကြိုက်ခဲ့တဲ့ ချောကလက်မုန့်နဲ့ နို့ဘူးတွေ ၊ ပေါင်မုန့်လည်းပါတယ် ၊ ကော်ဖီမစ်ကုန်နေတာနဲ့ ၀ယ်ခဲ့တယ် Chae ၊ ဘာစားချင်လဲ ခုရော ဘာစားထားလဲ
ကိုယ်ထားခဲ့တာတွေထဲမှာ နို့အေးဘူးက လွဲရင် ကျန်တာ အရာတောင်မယွင်းဘူးဆိုတော့ ဘာမှ မစားရသေးဘူးမလား ၊ ကိုယ်ထမင်းပြင်ပေးမယ်နော် မနက်ဖြန် ပဲခေါက်ဆွဲ စားမလား Chae တော့ပိုကီလည်း ၀ယ်ခဲ့မယ် ၊ Omma လုပ်ပေးထားတဲ့ ကင်မ်ချီပါ ယူခဲ့မယ် ၊ စိတ်ထဲ စားချင်မိတဲ့ ဟင်းတို့ ၊ မုန့်တို့ ရှိလား Omma ကို လုပ်ခိုင်းလိုက်မယ် "

သူယူလာသမျှကို နေရာချပြီး ပြောချင်တာတွေ ဆက်တိုက်ပြောကာ ဂရုစိုက်ပေးနေသည့် Gi ကို ကြည့်ပြီး ကိုယ့်ကိုယ်ကို စိတ်ပျက်သည့် ဆိုး၀ါးသော ခံစားချက်ဟာ ခန္ဓာကိုယ်ထဲတွင် ပျံ့နှံ့နေချေပြီ။ လက်သီးကို တင်းတင်းဆုပ်၍ အသံကို ငြိမ်အောင် ထိန်းကာ.....

" မလိုဘူး Gi ဒါတောင် များနေပြီ ၊ နောက်နေ့တွေ ဘာမှယူမလာပါနဲ့ ပြီးတော့ Gi မလာလည်း ရတယ် Chae တစ်ယောက်တည်း နေချင်လို့ "

Chae စကားကို ကြားတော့ တက်ကြွစွာ လုပ်ကိုင်နေသော Gi ဟာ ငြိမ်သက်သွားသည်။

" ဒါဆို ကိုယ် နှစ်ရက်တစ်ခါလောက်တော့ လာမယ်နော် လိုအပ်တာရှိရင်လည်းပြောပါ အားမနာနဲ့ ထမင်းပြင်ထားခဲ့တယ် ကုန်အောင် စားနော် Chae ဆေးလည်း သောက်ဦး ၊ တစ်ခုခုဆိုတာနဲ့ ဖုန်းဆက်နော် Chae ဂရုစိုက်ပါ "

ချက်ချင်းပင် ဘာမှမဖြစ်သလို ဟန်ဆောင်ကာ ပြုံး၍ ဂရုစိုက်ရန် တဖွဖွမှာပြီးမှ Chae ကို နှုတ်ဆက်ပြီး ထွက်သွားသည်။ စားချင်စဖွယ် ပြင်ဆင်ထားသော ထမင်းနှင့် ဟင်းပန်းကန်ကို စိုက်ကြည့်နေမိ၏။ ခံတွင်းထဲ ရောက်လာသည့် ပူနွေးနေဆဲ ထမင်းတစ်လုပ်စာဟာ ဘယ်လောက် တန်ဖိုးရှိလိုက်သလဲ ၊ ဘယ်လောက် အရသာရှိလိုက်သလဲ။ မျက်ရည်စ​တွေကြောင့် အမြင်အာရုံက ဝေ၀ါးနေသော်လည်း ၊ မျက်ရည်တွေသာ သွင်သွင်ကျနေသော်လည်း ထိုင်နေရာမှ မထဖြစ်ပေ။

Forever Not Sure   ( Completed )Where stories live. Discover now