Part - 20

1K 96 13
                                    

Unicode >>>

" ကျွန်တော် ခင်ဗျားကို မယုံဘူး "

" ကျွန်မပုံက ညာပြောနေတဲ့ပုံပေါ်လို့လား "

" အဲ့တာတော့ မသိဘူး ခင်ဗျားနဲ့ Soo Thai ကို ရောက်သွားပြီးမှ ကျွန်တော့်ကို အဆက်အသွယ်ဖြတ်ပြီး ပုန်းနေရင် ဘယ်လိုလုပ်မလဲ "

" ကျွန်တော် Chae ဘက်က အာမခံပါတယ် "

" ခင်ဗျား အာမခံတယ်ဆိုတိုင်း ကျွန်တော်က ယုံရအောင် ခင်ဗျားနဲ့ ခုမှ တွေ့ဖူးတာလေ "

" ကတိပေးတယ်ဗျာ ယောကျ်ားကတိ ကျွန်တော်က ကတိပေးပြီးရင် ဘယ်တော့မှမဖျက်တတ်ဘူး "

" ယောကျာ်းကတိ.....ဘာဖြစ်လဲ "

" ဟာ ဒီကောင်! မင်းကို ကတိပေးတယ်လို့ပြောနေတာလေ ဘာတွေဒီလောက်တောင် မယုံသင်္ကာဖြစ်နေရတာလဲ မိန်းမလို မိန်းမရနဲ့ စကားပြောတဲ့ပုံကိုက ကန့်လန့်တိုက်မနေနဲ့ "

" ဘာပြောတယ် ခင်ဗျား ဘာစကားပြောတာလဲ !"

" ရန်ဖြစ်မနေကြနဲ့ Gi လည်း စိတ်လျှော့ ဒီကိစ္စမှာ Hwan Eun Ji ကူညီမှဖြစ်မယ် ဒီလိုသာ ရွဲ့ပြီး ဆက်ပြောနေရင် ၊ ဆက်ပြီး ရန်ဖြစ်နေရင် ကျွန်မတို့ လိုရင်းရောက်တော့မှာမဟုတ်ဘူး ကျွန်မနဲ့ မ ကိုသာ Thai ကို ထွက်သွားနိုင်အောင်ကူညီပေးပါ စိတ်ချ မ နဲ့ လမ်းခွဲပေးပြီး မ ရဲ့ Appa လက်ထဲကို ပြန်ထည့်ပေးလိုက်မှာမလို့ သိပ်ပြီး စိုးရိမ်မနေနဲ့ "

" စိတ်တော့မရှိပါနဲ့ ခင်ဗျားတို့က ယုံချင်စရာအခြေအနေမှမဟုတ်ပဲ ဘယ်လိုလူက ကိုယ့်ချစ်သူကို တစ်ခြားသူတစ်ယောက်ဆီ ပေးလိုက်နိုင်မှာတဲ့လဲ တစ်ကယ်ပဲ ထူးဆန်းနေတယ် ဘာတွေကြံနေကြတာလဲ ကျွန်တော့်ကို လူလည်ကျဖို့တော့ မစဥ်းစားကြနဲ့ လုံး၀မရဘူး"

" ရှင်တော်တော် စကားများတာပဲ ကျွန်မက တွေ့တဲ့လူလက်ထဲ ထည့်ပေးနေတယ်များထင်နေလား မ အတွက် အကောင်းဆုံးဆိုတဲ့သူကိုပဲ ရွေးချယ်ခဲ့တာ ဟုတ်တယ်....ရှင်ပြောသလိုပဲ ထူးဆန်းတယ် ရှင်ထူးဆန်းတယ်လို့ တွေးနေတာတွေထက် ပိုပြီး ထူးဆန်းတယ့် အခြေအနေတွေဖြစ်နေလို့ "

" ကျွန်တော်က ခင်ဗျားတို့ကို ကူညီတယ်ပဲထားပါတော့ Jen တို့ကရော သူတို့ပါ သွားမှာလား "

Forever Not Sure   ( Completed )Where stories live. Discover now