Part - 14

1K 106 7
                                    

Unicode >>>

တစ်အိမ်လုံးဟာ အမှောင်အတိကျလျက် ။
Chae ကုတင်ကို မှီပြီး ကြမ်းပြင်ပေါ်မှာ ဒူးနှစ်ဖက်ကို ပိုက်ကာ ထိုင်နေမိတာ ဘယ်နှစ်နာရီကြာနေပြီလဲ Chae ကိုယ်တိုင် မသိပေ။ ငိုရလွန်း၍ မျက်လုံးတွေ ကျိမ်းစပ်နေသော်လည်း မျက်ရည်တွေ ကျနေဆဲ ။ အဟက်......... ပေါလိုက်တဲ့ မျက်ရည် ။ အရင်လိုသာဆို ကိုယ်သေရင်တောင် သံယောစဥ်တွယ်စရာ Li တစ်ယောက်တည်းရှိသည်။ အဲ့အချိန်တုန်းကသာဆိုChae ဒီလို ကြောက်နေမှာမဟုတ်ဘူး ။ Omma တို့ မရှိတော့ထဲက အသက်ရှင်ရတာ အဓိပ္ပာယ်ရှိသားပဲလို့ ထင်စေခဲ့တာ မ ဆိုတဲ့ အမျိုးသမီးကြောင့်ပဲ။ မ တို့ကို ဘယ်လိုပြောထွက််မှာလဲ Chae ဟာ အသက်ရှင်ဖို့ မသေချာတော့တဲ့လူဆိုတာကိုသာ မ တို့ သိသွားရင် ဘယ်လိုနေမလဲ ........ဟင့်အင်း ငါ ဘယ်သူ့ကိုမှ မပြောဘူး ငါကြောင့်နဲ့ ဘယ်သူ့က်ိုမှ စိတ်ဆင်းရဲ မခံနိုင်ဘူး ။ Chae စိတ်ကို တင်းထားစမ်းပါ....ဒီအချိန်ထိ ဒီလို နေနိုင်အောင် ဘယ်လောက်တောင် အပင်ပန်းခံခဲ့ရလဲ......ဘယ်လောက်တောင် အနှိမ်ခံခဲ့ရလဲ နင်ပြိုလဲလို့ မဖြစ်ဘူး ပြီးတော့ အခု နင့်မှာ Kim Jisoo ဆိုတဲ့ လူသားတစ်ယောက်လုံးရှိနေပြီ နင် မ ကို ထားခဲ့နိုင်လို့လား အားတင်းထားစမ်းပါဟာ Doctor ကတောင် နင့်ရဲ့ စိတ်အခြေအနေပေါ်မှာလည်း မူတည်ပါတယ်လို့ ပြောနေတာကို နင်က ဒီလိုဖြစ်နေလို့ ရမလား တောင့်ခံထားလိုက်စမ်း မိချယ် အဆိုးဆုံးဆိုတဲ့ အချိန်တွေကိုတောင် ဖြတ်ကျော်လာနိုင်ခဲ့တာပဲမလား အခု ဦးနှောက်ထဲက အကျိတ်ဆိုတာကလည်း ပျောက်သွားလိမ့်မယ်
ဟုတ်တယ်....... ဟုတ်တယ် Chae အသက်ရှင်မှဖြစ်မယ်

Chae ကိုယ့်ကိုယ်ကိုသာ သတိပြန်ပေးနေမိသည်။ ခေါင်းကို ထုရိုက်နေမိတာလည်း အကြိမ်ကြိမ်။ ဒီ အသုံးမကျတဲ့ ဦးနှောက်ကြောင့်နဲ့တော့ အသေမခံနိုင်ဘူး ငါ ဆက်ပြီး ရှင်သန်နေမှ ဖြစ်မယ် မ အတွက် အသက်ရှင်နေမှကို ဖြစ်မှာ.............

ဘေးတွင် ချထားသည့် ဖုန်းကို ကောက်ပြီး စက်ဖွင့်လိုက်သည်နှင့် မ ဆီက Missed Calls တွေဟာ တန်းစီလို့ ။ Message တောင် ပို့ထားသေးတယ် ~ Chae ဘယ်တွေသွားနေတာလဲ မ စိတ်ပူနေပြီ ~ တဲ့လေ ။ မ ဟာလေ နေ့ခင်းကမှ Chae အိမ်လာသွားသေးတာကို စိတ်ပူနေလိုက်တာ။ မျက်ရည်တွေ သုတ်လိုက်ပြီး လက်ချောင်းတွေကို မ ဆီ ဖုန်းခေါ်ရန် အလုပ်ပေးနေမိသည်။ မ စိတ်ပူနေမှာကို မလိုချင်ဘူး...........။

Forever Not Sure   ( Completed )Where stories live. Discover now