Part- 5

1.6K 162 0
                                    

Unicode>>>

" Li "

"Nini တောင်ရောက်နေပြီပဲ"


"ဘာလို့ တွေ့ဖို့ချိန်းတာလဲ Li"

"ကိုယ်က Nini နဲ့ တွေ့ချင်လို့လေ ဒီနေ့ အတန်းလည်းမရှိတာနဲ့ ချိန်းလိုက်တာ ၊ Nini...."

"ပြောလေ Li "

"ကိုယ့်ကို ဒီနေ့ အချိန်ပေးလို့ရလား "

"  ရော်.... အချိန်ပေးလို့ပဲ ဒီကိုတောင် ရောက်လာပြီကို "

"ဟုတ်ပါပြီနော်  ဒါဆို ကိုယ်တို့ ဘယ်သွားမလဲ Nini ဘယ်သွားချင်လဲ"

"ကစားကွင်း"

" ကစားကွင်းကိုသွားချင်လို့လား ဒါဆို သွားမယ်လေ"

"Li  ၊  Nini မှာ ကားပါတယ် ကားနဲ့ပဲ သွားရအောင်"

ဘ၀မှာ ပထမဆုံးအကြိမ် Pa တို့ကို ကားမ၀ယ်ခိုင်းခြင်းအတွက် နောင်တရမိသည်။ အစကတော့ ကိုယ်က ကားနဲ့သွားလာနေရင် Chae အားငယ်နေမှာဆိုးလို့ Pa တို့ ၀ယ်ပေးမယ်ဆိုတာတောင် မလိုဘူးဆိုပြီး ငြင်းခဲ့သည်လေ။ အိမ်မှာ ၀ယ်ပြီးထဲက သိပ်မစီးဖြစ်သည့် ဆိုင်ကယ်အသစ်လေးကို ယူလာပေမဲ့ လမ်းဘေးမှာ ဒီတိုင်း ထားခဲ့ရမယ့်ပုံပေါ်သည်။

"Li လာလေ ဘာတွေတွေးနေတာလဲ"

" Sorry Nini "

"ဘာကိုလဲ "

"လိုက်ပို့မယ်ပြောပြီး Nini ကိုယ်တိုင် ကားမောင်းပြီး သွားနေရလို့"

"ဘာဆိုင်လို့လဲ Li ရယ် Nini အစထဲက ကစားကွင်းသွားချင်နေတာ Li ကြောင့်သာမဟုတ်ရင် သွားဖြစ်မှာမဟုတ်ဘူး"

Jennie ပြုံးပြီး ပြန်ပြောလိုက်တော့မှ Lisa တစ်ယောက် စိတ်သက်သာရာ ရသည်။

" Li yaa ..... ပျော်စရာကြီး "

ပျော်ပျော်ရွှင်ရွှင်နှင့် ကလေးတစ်ယောက်လို လွတ်လပ်ပေါ့ပါးစွာဆော့နေသည့် Nini ဟာ အမှန်ပင် ချစ်စရာကောင်းလှသည်။ သွားဖုံးလေးတွေပေါ်သည်အထိ ရယ်ပြနေသေးသည်။ Nini အပေါ် ဖြစ်ပေါ်နေသည့် ခံစားချက်တွေဟာ တစ်နေ့ထက်တစ်နေ့ Lisa အတွက် ပိုသေချာလာသည်။ သူမ ထို အကောင်ပေါက်လေးကို ထင်ထားတာထက် ပိုချစ်မိနေပြီလေ။

Forever Not Sure   ( Completed )Where stories live. Discover now