Part- 9

1.2K 130 0
                                    


Unicode >>>

ခပ်နွေးနွေးနေရောင်ခြည်က မျက်နှာပေါ်ကို ကျရောက်လာသောကြောင့် Chae နိုးလာသည်။ နိုးနိုးချင်း ခံစားလိုက်ရသည့် ဘယ်ဘက်လက်မောင်းထံမှ နာကျင်မှုနဲ့ လေးလံမှု။ မျက်လုံးနှစ်လုံးဖွင့်လိုက်သည်နှင့် မြင်ရသည်က ကျွန်မ အချစ်ရဆုံး အမျိုးသမီးလေး။ ချစ်ရသူနှင့် အစပြုရသည့် နေ့ရက်တွေဟာ ဘယ်လောက်တောင် အဓိပ္ပာယ်ပြည့်စုံစေကြောင်း ၊ ပျော်ရွှင်ရကြောင်း ကျွန်မသိလိုက်ပြီလေ။ ပထမဆုံး ချစ်ဖူးသည့် ထိုအမျိုးသမီးလေးနှင့် နောက်ဆုံးအချိန်အထိ ချစ်သွားချင်သည်။

Chae pov*
* Soo ကို ယုံတယ် ။ ဒါပေမဲ့ Chae ကံကြမ္မာ ဆိုတာကို မယုံဘူး Soo ..... Chae တို့ ဝေးလို့ မဖြစ်ဘူးနော် *

Chae သိပ်မြတ်နိုးရသည့် အသည်းပုံနှုတ်ခမ်းပါးကို နမ်းလိုက်သည်။ သူမက လှုပ်တောင်မလှုပ်ပေ။ အိပ်ယာနိုးနိုးချင်းတောင် အလှမပျက်ဘဲ ကြည်လင်၀င်းပနေသည့် မျက်နှာလှလှလေးကို Chae အနမ်းမိုးတွေ ရွာချပစ်လိုက်သည်။ ထိုတော့မှ သူမက မျက်လုံးမဖွင့်ဘဲ အင်း.....အဲ လုပ်နေလေရဲ့။

"မမလေးရှင့် ထပါတော့နော်"

"Chae ကကွာ အစောကြီးရှိသေးတာကို "

"ဘယ့်နှယ့် အစောကြီးရှိသေးရမှာလဲ Soo ရဲ့ 9 နာရီတောင် ထိုးနေပြီ ထတော့ ဒီနေ့တော့ ဆိုင်သွားရအောင် ဆိုင်ကိုပစ်ထားတာ ကြာနေပြီနော် Kim Jisoo shi"

"Chae ကလည်း...... Soo အိပ်ချင်သေးတယ် နော် Soo ရဲ့ ကလေးလေး 5 မိနစ်ပဲနော်"

" 5 မိနစ်ပဲရမယ် ပြီးရင် အောက်ဆင်းခဲ့ Chae မနက်စာပြင်ထားမယ်"

Soo ကတော့ ကလေးပေါက်စလေးလို စောင်ပုံထဲ ပြန်ပြီး ၀င်ရောက်သွားလေရဲ့။ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားတာများ ချစ်စရာလေးကွာ။ Chae သူမနှဖူးကို ဖွဖွလေးနမ်းပြီး အခန်းအပြင်ထွက်လာခဲ့သည်။

* *

"ဟိတ်"

အသံထက် အရင် နောက်ကနေ သိုင်းပြီးဖက်လိုက်သည့် Soo ကြောင့် Chae လန့်သွားသည်။

"Soo ရယ် အသံလေး ဘာလေးပေးမှပေါ့"

"ပေးပါတယ် Chae ရဲ့ Hee...... ခုဘာတွေ ချက်နေတာလဲ ဟာ...ကင်မ်ချီထမင်းကြော်လား.....မွှေးနေတာပဲ"

Forever Not Sure   ( Completed )Where stories live. Discover now