Part - 25

1K 91 19
                                    

Unicode >>>

" အိမ် ...... ရောင်းလိုက်တာ "

"ဘာပြောလိုက်တယ် ဘိုးဘွားပိုင်အိမ်ကိုလေ Chae ရူးသွားပြီလား Chae ကို Omma နောက်ဆုံးအနေနဲ့ပေးခဲ့တဲ့ အမွေကိုမှ ဘာလို့ ရောင်းလိုက်ရတာလဲ "

" မရောင်းရင်တောင် အိမ်က ဒီတိုင်းကြီး ကျန်ခဲ့မှာမလား Chae လည်း ဘယ်လောက်မှ မနေရတော့ဘူးလေ "

"ဘာလို့လဲ ဘာလို့ ထွက်သွားရတော့မယ်ဆိုတာကို အမြဲ သွေးအေးအေးနဲ့ ပြောနိုင်ရတာလဲ "

"ထားလိုက်ပါတော့ Chae ကို ကူညီပေးနိုင်မလား Gi"

Gi pov*
" Chae ဟာလေ ကိုယ့်ဘက်ကို ဘယ်တုန်းကမှ မကြည့်ခဲ့ဖူးဘူးပဲ ပထမဆုံးတွေ့ဆုံမှုတွေက ဒီအိမ်လေးမှာ ရှိနေခဲ့တာလေ Park Chae Young ဆိုတဲ့ ကောင်မလေးကို စပြီးတွေ့ခွင့်ရတာ ဒီအိမ်လေးထဲမှာလေ Chae ရယ် ဘယ်လိုစိတ်မျိုးနဲ့ Omma အမွေ ချန်ထားခဲ့တဲ့ အိမ်ကို ရောင်းရက်တာလဲ Chae ကကွာ........"

"ကောင်းပြီလေ ကိုယ်ကူညီပေးမယ် Chae သိလား ကိုယ် Chae ကို ဘယ်မှာ စတွေ့ခဲ့လဲ ဆိုတာ Chae ဆိုတဲ့ ကောင်မလေးကို တွေ့ချင်လို့ ဘယ်လိုတွေ အကြောင်းမရှိ အကြောင်းရှာပြီး လာခဲ့လဲဆိုတာ အရာအားလုံး.......ပြီးတော့ ဆယ်စုနှစ်တစ်ခုအထိ ဖြစ်တည်နေဆဲ အချစ်တွေက ဘယ်ကနေ စတင်လာခဲ့လဲဆိုတာ Chae သိလား..... အဲဒီ့ အိမ်လေးကနေ အစပြုလာတွေချည်းပဲ ၊ Chae အတွက် ကိုယ်က သာမန်ဆိုပေမယ့် ကိုယ့်အတွက် Chae က ပထမ ဦးစားပေးပဲ ချစ်သူရှိတာကို သိပေမယ့် ကပ်တွယ်နေမိတာ မှန်တယ် ဒါပေမယ့် ကိုယ့်မှာ Chae ကို ရယူလိုစိတ်မရှိဘူး အမြဲလိုလို ပေးဆပ်အချစ်လို့ ဆိုရအောင်လည်း ကိုယ်က အသွေးအသားနဲ့ တည်ဆောက်ထားတဲ့လူသားပဲမလား ပိုင်ဆိုင်ချင်တဲ့ အချိန်တွေ ရှိတာပေါ့ ဘယ်လောက်ပဲ ပိုင်ဆိုင်ချင်တဲ့ စိတ်ရှိနေပါစေ ကိုယ် လက်လျှော့ပေးခဲ့တယ် အရာရာမှာ နောက်ဆုတ်ပေးခဲ့သမျှက Chae ပျော်ပါစေဆိုတဲ့ စိတ်နဲ့ပဲ"

ကျွန်မရှေ့မှာ တစ်ခါမှ မျက်ရည်မကျဖူးသည့် Gi က Chae ကို ကြည့်ပြီး မျက်ရည်တွေ သွင်သွင်ကျနေခဲ့သည်။ အကြောင်းပြချက်မဲ့စွာ တင်းတင်းဆုပ်ထားသော လက်ကိုသာ စိုက်ကြည့်နေမိသည်။ Gi ရဲ့ နာကျင်ကြေကွဲရိပ်တွေ ပြည့်နှက်နေသည့် မျက်၀န်းတွေကို ရင်မဆိုင်ရဲသေးပါ ။ Chae တစ်ကိုယ်ကောင်းဆန်နေမိတာ သိတယ်။ အရမ်းလွန်နေပြီ ဆိုတာလည်း သိတယ်။ Chae လုပ်သမျှကို ပြုံးပြီး ကြည့်နေတတ်သည့် ၊ အမြဲအားပေးနှစ်သိမ့်ခဲ့သည့် Gi ကို ပိုပြီး အားနာရသည်။ ကျွန်မကလေ သိပ်စိတ်ပျက်ဖို့ကောင်းတာ......။

Forever Not Sure   ( Completed )Where stories live. Discover now