Part - 19

942 88 9
                                    

Unicode >>>

" Appa.....Omma......သမီး ပင်ပန်းနေပြီ   အခုအချိန်မှာ Chae က မ နဲ့ ပျော်ရွှင်နေရမှာလေ  Chae နောက်ဆုံးတော့ ပျော်ရတော့မယ်ထင်နေတာ ဒါပေမယ့် Chae က ပျော်ရွှင်မှုနဲ့ မထိုက်တန်ဘူးထင်ပါရဲ့ ... ကျန်းမာရေးအခြေအနေကလည်း ပိုဆိုးလာတာပဲ ရှိတယ်  Omma ရဲ့။မျက်လုံးတွေကလည်း ဝါးလာလိုက်တာ ကော်ဖီဖျော်ရင်တောင် မနည်း အာရုံစိုက်နေရတယ် ။  ထိုးကိုက်လာလိုက် ၊ ပတ်ချာလည်အောင် မူးလာလိုက်နဲ့ ဒီအသုံးမကျတဲ့ ခေါင်းကြောင့်ပဲ ဆိုင်မှာရှိတဲ့ ဖန်ခွက်တွေရော အိမ်မှာရှိတဲ့ ဖန်ခွက်တွေရော  ကျကွဲကုန်တာ  များနေပြီ ။  မ   မသိအောင် ဖန်ကွဲစတွေ အမြန်သိမ်းရလို့လည်း လက်မှာ ဖန်ကွဲစတွေဆူးတာများနေပြီ  သတိမေ့ချင်သလိုဖြစ်နေပြီ Omma ရယ် ။  မမှတ်မိတာတွေ များလာပြီ စိတ်ဓာတ်ကျနေရတာ ပြောမနေနဲ့တော့ မနက်ဖြန်ဆိုတာ ရှိလာမှာကိုကြောက်နေပြီ
မခံနိုင်တော့ဘူး Omma ... နာကျင်မှုတွေ ဒဏ်ကို Chae မခံနိုင်တော့ဘူး ရင်ဘတ်ထဲမှာလည်း မြိုသိပ်ထားတာတွေများလွန်းလို့ ပေါက်ကွဲပစ်ချင်နေပြီ ပြိုလဲပစ်ချင်နေပြီ ဆေးနဲ့အသက်ဆက်နေရတဲ့ ဘ၀ကို စိတ်ကုန်နေပြီ Omma ရဲ့ သမီးပြောနေတာတွေ ကြားတယ်မလားဟင်  ဘာလို့.....ဘာလို့ Chae ကျမှ အဲ့လိုတွေ လာဖြစ်နေရတာလဲ ဘာလို့လဲ......Chae ချစ်ရတဲ့သူတွေအကုန်လုံးကို ဆုံးရှုံးရမယ်လို့များ ကျိန်စာတိုက်ခံထားရလို့လား   ညတိုင်း ငိုရလွန်းလို့ မျက်ရည်တွေခမ်းတော့မယ်ထင်တယ် ဘ၀တစ်လျှောက်လုံး မျက်ရည်တွေနဲ့ ဖြတ်သန်းလာခဲ့ရပြီးပြီလေ မလုံလောက်သေးဘူးလား  ဘာလို့ ကံကြမ္မာက ဒီလောက်တောင် ရက်စက်ရတာလဲ  Chae မသေချင်သေးဘူး ဒီအချိန်အထိ ဒီလိုမျိုး ရပ်တည်နိုင်အောင် အသေအလဲကြိုးစားလာခဲ့တာ နာကျင်မှုတွေကို ကြံ့ကြံ့ခံလာခဲ့တာ အနှိမ်ခံလာခဲ့တာတွေက ဒီလိုမျိုး စောစောစီးစီး သေမလို့မှမဟုတ်ပဲ လူဆိုတာ တစ်နေ့သေရမှာ မှန်ပေမယ့် လောကကြီးက Chae ကို အမြင်မကြည်တဲ့ပုံပဲ သေရမှာကိုတောင် ကြိုသိနေတာလေ  အဟက် .....ရယ်ရတယ်မလား Omma အရမ်းရယ်ရတယ်မလား....မျက်ရည်ကျလောက်တဲ့အထိ ရယ်ရတယ်မလား.....Chae ဘ၀က ဘာအဓိပ္ပာယ်ရှိတော့မှာလဲ  မ နဲ့ မဝေးချင်ဘူး Omma ရယ်   မ နဲ့ လုံးဝ မဝေးချင်ဘူး  Appa.....Appa လည်း Chae ပြောတာကို နားထောင်နေတယ်မလား  Chae ကို ကယ်တင်ပေးပါ  Chae ကို ဒီ နာကျင်မှုတွေကြားထဲက ကယ်တင်ပေးပါ Chae လုံး၀ မခံစားနိုင်တော့ဘူး  အသည်းနှလုံးတစ်ခုလုံး အစိတ်စိတ်အမွှာမွှာကွဲသွားသလိုပဲ  နာကျင်နေရတာ   Chae က လုံး၀မကောင်းဘူး Chae နားရောက်လာတဲ့သူတိုင်းကို  စိတ်ညစ်စေတယ် စိတ်ဒုက္ခတွေပေးနေမိတာ ဒါပေမယ့်.....မကိုတော့ Chae   စိတ်ရင်းနဲ့ ပျော်စေချင်ခဲ့တာပါ Chae ကြောင့်နဲ့ ပျော်ပဲပျော်စေချင်ခဲ့တာ ခုလိုမျိုး နာကျင်စေချင်တာမဟုတ်ဘူး.... ဘယ်လိုရှေ့ဆက်လိုက်ရမလဲ Appa  သမီး ဘယ်လိုဆက်လုပ်လိုက်ရမလဲ  လမ်းတွေ ပျောက်နေပြီ Appa ရယ်  သမီးကို မကယ်ပေးနိုင်တော့ဘူးလား Chae ရွေးထားတဲ့ လမ်းကိုပဲ ဆက်လျှောက်ရတော့မယ်ထင်ပါရဲ့ အားလုံးနာကျင်ရမှာကို သိနေပေမယ့် Chae မှာ ရွေးစရာ ဒီတစ်လမ်းပဲရှိတယ်......Chae သိပ်တစ်ကိုယ်ကောင်းဆန်တယ်မလား အမြဲတမ်း ကိုယ့်ဘက်ကပဲ ကြည့်နေမိတာလေ......Chae က မုန်းဖို့ကောင်းတဲ့လူ    မ  ရဲ့ အချစ်နဲ့ မထိုက်တန်တဲ့လူ........."

Forever Not Sure   ( Completed )Onde as histórias ganham vida. Descobre agora