Part - 16

922 94 6
                                    

Unicode >>>

" Jisoo Unnie ဂရုစိုက်ပြီး ပြန်နော် "

"ရှင်တို့သာ ဂရုစိုက်ပါ ကောင်မလေးငယ်ငယ်လေးတွေချည်းပဲ မြန်မြန်ပြန်ကြတော့ နောက်ကျလိမ့်မယ်  ဒီနေ့ ပင်ပန်းသွားကြပြီ"

                             " ၀ှီး "

ဆိုင်ပိတ်ပြီး ကားဆီသို့အသွား ဘေးနားကနေ အရမ်းကပ်ပြီး မောင်းသွားသည့် ကားကြောင့် လှည့်ကြည့်မိသည်။

                   " ဟင်........"

   ကားထဲတွင် Seo Min Gi ဆိုတဲ့ လူက ကားမောင်းပြီး ဘေးနားမှ Chae က ရယ်မောပျော်ရွှင်စွာ မောင်းထွက်သွားတာကို Soo ရပ်ကြည့်နေမိသည်။ 

Soo pov *
* Chae လား........Chae မဟုတ်လောက်ပါဘူး *

ကားပေါ်က မိန်းကလေးက Chae ဆိုတာ အသေအချာမြင်လိုက်သော်လည်း မယုံချင်သေးပါ ။ Chae က ဘာလို့ အဲ့လူရဲ့ ကားပေါ်မှာ ဒီအချိန်ကြီး လိုက်သွားရမှာလဲ မဖြစ်နိုင်တာ......။
မဖြစ်နိုင်ဘူးလို့ တွေးနေပေမယ့် Soo  သူတို့ ကားနောက်ကို အမြန်မှီအောင် မောင်းပြီး လိုက်နေမိသည်။ နာမည်ကြီး စားသောက်ဆိုင်တစ်ခုရှေ့ရောက်တော့ ကားရပ်သွားသောကြောင့် Soo ကားကို ခပ်လှမ်းလှမ်းမှာပင် ရပ်ပြီး စောင့်ကြည့်နေလိုက်သည်။

                           *           *        

" တစ်ကယ်ပဲ ဒီလမ်းကို ရွေးတော့မလို့လား Chae "

နည်းနည်းတော့ ရူးကြောင်ကြောင်နိုင်တယ်မလား။ ကိုယ်နှစ်ရှည်လများ ချစ်လာရတဲ့ မိန်းကလေးက သူ့ရဲ့ ချစ်သူကောင်မလေးအကြောင်းပြောပြတော့ ကျွန်တော့်မှာ ငြိမ်ပြီးနားထောင်နေခဲ့ရတာလေ။ စိတ်ညစ်စရာတွေ ကြုံနေလို့ အမြဲငိုင်နေတတ်တဲ့ Chae က Jisoo ဆိုတဲ့ သူရဲ့ မိန်းကလေးအကြောင်းပြောနေရပြီဆိုရင် မျက်လုံးတွေက အစ သိပ်ကိုတောက်ပနေတာ။  
Kim Jisoo ကို သိပ်ချစ်တဲ့ပုံပဲ။ ကြားကြားချင်းတုန်းကတော့  နှစ်နဲ့ချီပြီး စောင့်လာခဲ့တဲ့ ကိုယ့်ကိုလုံး၀လှည့်မကြည့်ဘဲ မိန်းကလေးတစ်ယောက်ကို ဒီလောက်တောင် ချစ်နေရလားဆိုပြီး စိတ်တိုမိခဲ့ပေမယ့် Chae ရဲ့ နှလုံးသားထဲမှာ ကိုယ့်အတွက် ဟိုးအရင်ကရော အခုရော နေရာမရှိတော့ဘူးဆိုတာ သိနေပြီမလား ။ Kim Jisoo သူ့ကို အထင်လွဲတာလိုချင်ပါတယ် တဲ့လေ။ Chae ဟာလေ ကိုယ့်သေတွင်းကိုယ်တူးနေတဲ့လူလိုပဲ နာကျင်ရမယ်မှန်းသိနေတာကိုမှ အကြိမ်ကြိမ် ရွေးချယ်နေတဲ့သူ။ သနားစရာကောင်းအောင်    ၀မ်းနည်းအောင်လည်း ပြောတတ်သေးတာ ။ Chae ရဲ့ နောက်ဆုံး ဆန္ဒကိုတော့ ဖြည့်ဆည်းပေးမယ်မလားတဲ့ ။ ဟုတ်ပါပြီဗျာ   အချစ်နဲ့ပတ်သတ်ရင် ဘယ်တုန်းကမှ ကံမကောင်းခဲ့တဲ့ ဒီကောင်ကြီးက ကိုယ်ချစ်ရတဲ့ မိန်းကလေးဖြစ်ချင်တာတွေကို တတ်နိုင်သလောက်ဖြည့်ဆည်းပေးရမယ်မလား  ။ နာကျင်နေရရင်တောင်မှပေါ့ ။ မဟုတ်ဘူး  ကိုယ့်ထက် Chae က အဆပေါင်းများစွာ ပိုနာကျင်နေမှာ.............။

Forever Not Sure   ( Completed )Where stories live. Discover now