Part-1

3K 227 0
                                    

Unicode >>>

"Omma"

"Omma ဘာမှမဖြစ်ရဘူး"

"Omma!!!!!!"

တိတ်ဆိတ်နေသည့် အခန်းလေးထဲမှာ "Omma" လို့ ယောင်ပြီး နိုးလာသော ကောင်မလေးတစ်ယောက်။ နှဖူးတင်မကဘဲ တစ်ကိုယ်လုံး ချွေးစေးတွေထွက်အောင်အထိ တုန်လှုပ်နေတဲ့သူမဟာ သိပ်ကို အထီးကျန်စွာ ကြီးပြင်းလာခဲ့သူတစ်ယောက်။

*ဘာလို့လဲ.....ဘာလို့ အခုချိန်ထိ အဲ့အိပ်မက်ပဲ မက်နေရတာလဲ တကယ်ဆို Omma လောကကြီးထဲက ထွက်သွားတာ 5 နှစ်တောင် ပြည့်တော့မှာကို*

အတွေးတွေကို လက်စသတ်ရင်း စားပွဲပေါ်ကနာရီကိုကြည့်လိုက်တော့ 4:30 ။
ပြန်အိပ်ဖို့လည်း အဆင်မပြေသည့်အတွက် အိပ်ယာထလိုက်သည်။ ရေမိုးချိုး ကျောင်းသွားဖို့ပြင်ဆင်ပြီး မနက်စာစားရန် အောက်ထပ်ကို ဆင်းလာခဲ့သည်။ ရေခဲသေတ္တာကို ဆွဲဖွင့်လိုက်သည်နှင့် အထဲမှာ ဆိုဂျူပုလင်းများ။
ခေါက်ဆွဲခြောက်ရှိသည်ဆိုတာ အသေအချာသိသော်လည်း တစ်ခါတစ်လေ ပြောင်းစားချင်မိတာကြောင့် တစ်ခုခုများ ရှိလိုရှိငြား တစ်အိမ်လုံးကို လိုက်မွှေနေပေမဲ့ မုန့်နဲ့တူတာ တစ်ခုတစ်လေတောင်မရှိ။။

စိတ်ပျက်လက်ပျက်နှင့်ပဲ ခေါက်ဆွဲပြုတ်လိုက်သည်။ နောက်ဆုံးသော ကော်ဖီမစ်ထုပ်ကို ယူလိုက်တာနဲ့ စဥ်းစားမိသည်က လမကုန်ခင်အထိတော့ ကော်ဖီမသောက်ပေနဲ့တော့လို့။ လက်ထဲမှာ ကျန်တဲ့ပိုက်ဆံက လမကုန်ခင်အထိ သုံးဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ပေ ။
မနက်စာစားပြီး ကျောင်းကို ထွက်လာလိုက်သည် ။ အိမ်နှင့် ကျောင်းက နည်းနည်းဝေးပေမဲ့ စားဖို့တောင် အနိုင်နိုင် ဖြစ်နေသည့် ကိုယ့်ဘဝမှာ ဆိုင်ကယ် ဝယ်မယ်လို့ စိတ်မကူးရဲသလို Taxi နဲ့ သွားချင်လိုက်တာလို့ တွေးတောင်မတွေးရဲသေး ။
နှစ်လမ်းကျော်လောက်က တစ်ဦးတည်းသော သူငယ်ချင်းမလေးဆီကို ဒီနေ့တော့ ဝင်ချင်စိတ်မရှိပါ။

___________________________________________

"Yaa! Chae ဘာလို့ ငါ့ကို ဝင်မခေါ်တာလဲ "

ပြတင်းပေါက်ကို ကြည့်နေရာကနေ Lisa ဆီကို
အကြည့်လွှဲလိုက်ရင်း

Forever Not Sure   ( Completed )Wo Geschichten leben. Entdecke jetzt