Part - 11

1.1K 114 2
                                    

     
Unicode >>>

                        " Coffee....."

" ဟုတ်ကဲ့ ၊  ရနိုင်တဲ့ Coffee အမျိုးအစားတွေကို ဟိုနားက Board ပေါ်မှာ ရေးပေးထားပါတယ် ဧည့်သည် လိုချင်တဲ့   Coffee ကို ပြောပေးပါ "

" အချစ်တွေနဲ့ ဖျော်ထားတဲ့ ကော်ဖီချိုချိုလေး တစ်ခွက်ဆိုရင် အဆင်ပြေပါတယ် "

ရိသဲ့သဲ့ပြောလာသည့် စကားကြောင့် ကော်ဖီဖျော်နေရာကနေ မော့ကြည့်လိုက်သည်။

" Seo Min Gi shi "

" Chae ဒီဆိုင်မှာ ပြောင်းလုပ်ရတာ အဆင်ပြေတယ်မလား "

" ပြေပါတယ် ဘာသောက်မလဲ Min Gi shi "

" ကျွန်တော့်ကို Americano တစ်ခွက်ပေးပါ "

" Nae ဟိုဘက်က ၀ိုင်းအလွတ်တွေမှာ ထိုင်လို့ရပါတယ် "

" Chae က ကိုယ့်ကို သွယ်၀ိုက်ပြီး သွားခိုင်းနေတာပဲ ကိုယ် သွားမှာပါ  "

ရယ်ပြီးပြောလာသည့် Min Gi ဟာ အမှန်တိုင်းပြောရလျှင် တော်တော်လေးကို ကြည့်ကောင်းပေသည်။ Chae နေရာမှာ တစ်ခြား ကောင်မလေးတွေသာဆို Min Gi လို လူမျိုးကို လက်ခံပေးမည့်သူတွေ ဒုနဲ့ဒေးပင်။

                             *             *

" ရပါပြီရှင့် "

" Chae ကိုယ့်ကို ခဏလောက် အချိန်ပေးပြီး စကားပြောလို့ ရမလား "

" ကျွန်မ အလုပ်တွေ ရှိသေးလို့ပါ "

" Chae ခဏလေးပါပဲ ...."

လက်ကို လှမ်းဆွဲလိုက်သောကြောင့် Chae စူးစူးရဲရဲ ပြန်ကြည့်မိသည်။

" Sorry...... Sorry ပါ Chae ကိုယ်မရည်ရွယ်ပါဘူး ဟို.....ခဏလေးတောင် စကားပြောပေးလို့ မရဘူးလားဟင် "

Chae , Min Gi ရှေ့က ခုံမှာ စိတ်ရှုပ်စွာ ၀င်ထိုင်လိုက်သည်။

" ပြောစရာရှိတာမြန်မြန်ပြောပါ ကျွန်မမှာ အချိန်မရှိဘူး "

" Chae..... ကိုယ့်ကို အဖြေမပေးချင်ဘူးလား
ဟို ၊ အတင်းတောင်းဆိုနေတာမဟုတ်ပါဘူး အခုချိန်ထိ Chae တစ်ယောက်တည်းကိုပဲ သစ္စာရှိရှိနဲ့ ချစ်လာတာပါ "

ခေါင်းငုံ့ပြီး မရဲတစ်ရဲ ပြောနေသည့် Min Gi ဟာ  သနားစရာကောင်းလှသည်။ သူမဘယ်လောက်တောင် ငြင်းခဲ့လဲ ။ ဒီလောက် ငြင်းနေခဲ့တာတောင် နှစ်တွေ အကြာကြီး Chae တစ်ယောက်တည်းကိုပဲ ကြည့်နေခဲ့သည်လေ။ အမှန်ဆို ခုချိန် Min Gi က ကျွန်မထက် ကောင်းတဲ့သူနဲ့ တွေ့ပြီး ပျော်ရွှင်နေရမှာမလား။ ဘာတွေပဲဖြစ်နေပါစေ Chae သူ့ကို ထပ်ပြီးတော့ ပြတ်ပြတ်သားသား ငြင်းရဦးမည်။ အခု ကျွန်မဆီမှာ မ လည်း ရှိလာပြီမလား......

Forever Not Sure   ( Completed )Where stories live. Discover now