Part- 6

1.6K 167 0
                                    

         
Unicode >>>

" Unnie "

"ပြောလေ Jen"

"Hee......."

"ကဲ ၊ ဘာတွေဒီလောက်သဘောကျနေရတာလဲ မနေ့ကတည်းက ပြုံးဖြီးနေတာပဲ"

"ဟို .... Jen မှာ ချစ်သူရှိနေပြီ"

" ချစ်သူ......ဘာ!"

" Unnie ကလည်း ဘာလို့ အဲ့လောက်တောင် အော်နေရတာလဲ"

" Jen ညီမလေး ရူးသွားပြီလား ဟမ် Appa က Unnie တို့ကို ဘာပြောထားလဲ Appa သိရင် မိုးမီးလောင်မှာနော် ဘယ်သူလဲ ဘယ်ကကောင်လေးလဲ ဘာလုပ်တဲ့သူလဲ"

"သူက ကောင်လေး မဟုတ်ဘူး ကောင်မလေး Uni တက်နေတုန်းပဲရှိသေးတယ် Jen နဲ့ ရွယ်တူပဲ"

"ကောင်မလေးဆိုတော့ ပိုခက်ခဲသွားပြီပေါ့  Appa အကြောင်းသိရဲ့သားနဲ့"

" Appa အကြောင်း  သိပါတယ် ဒါပေမဲ့ သူကလည်း Jen ကို အရမ်းချစ်တာ Unnie.......  ဒီအသက်အရွယ်အထိ Appa စကားဆို ခေါင်းညိမ့်လိုက်နာခဲ့တာပဲလေ ခု အချစ်စစ်နဲ့တွေ့တာကို Appa ကြောင့်ဆိုပြီး လက်မလွှတ်ချင်ဘူး 
Unnie   Jen ကို နားလည်မှာပါ"

"Unnie နားလည်တယ် Jen......သူသာ ညီမလေးအပေါ်မှာ​ကောင်းရင် ညီမလေးသာ သူနဲ့ပျော်ရွှင်ရရင် Unnie တားဖို့ အစီအစဉ်မရှိဘူး ဒါပေမဲ့ Unnie တို့ တစ်ဘ၀လုံး ပုံသွင်းခံခဲ့ရတာလေ Appa က ဆက်ပြီး အမိန့်တွေပေးနေဦးမှာပဲ အချိန်တွေကြာလာတာနဲ့ ပြဿနာတွေ ပိုတက်ဖို့ပဲ ရှိလို့ Unnie က စိတ်ပူနေတာ Jen လေးရဲ့"

" Jen လည်း ကြောက်တယ် Appa ကိုရော သူနဲ့ ခွဲရမှာကိုရော Jen လေ သူ့ကို တစ်ကယ်မချစ်မိအောင် ကိုယ့်ကိုယ်ကို ထိန်းပါသေးတယ် ဒါပေမဲ့ မရဘူး Unnie ရဲ့"

"Jen ရယ်................"

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

"Hello    Chae တို့  ရောက်ပြီ "

" အင်း တို့ စောင့်နေမယ်နော် "

Jisoo ကားပေါ်ကပဲ Chae ကို စောင့်နေလိုက်သည်။ စိတ်ထဲမှာ Jen လေးအတွက်သာ စိတ်ပူနေမိသည်။
*နားလည်တာပေါ့ Jen လေးရဲ့ Unnie လည်း မိန်းကလေးတစ်ယောက်ကိုချစ်မိနေလို့ Jen လေးရဲ့ ခံစားချက်ကို နားလည်တာပေါ့။ *
ပြဿနာတွေ ကြီးကြီးကျယ်ကျယ်မဖြစ်ပါစေနဲ့လို့သာ ဆုတောင်းနေမိသည်။

Forever Not Sure   ( Completed )Where stories live. Discover now