Part- 7

1.5K 147 5
                                    

Unicode >>>

" Chae "

"Li ရောက်ပြီလား ခဏစောင့်ဦး ငါ စာအုပ်ကျန်ခဲ့လို့ သွားယူလိုက်ဦးမယ်"

Chae အပေါ်တက်သွားသောကြောင့် Lisa မီးဖိုချောင်ထဲ ၀င်လာလိုက်သည်။ ဒီရက်ပိုင်း အမြဲလိုလို Nini အနားကပ်နေတော့ Chae ကို ပစ်ထားသလိုဖြစ်နေသည်လေ။

"Li!"

ဧည့်ခန်းထဲမှ လှမ်းခေါ်လိုက်ခြင်းဖြစ်သည်။

"ဘာလုပ်နေတာလဲ Li  သွားမယ်လေ"

"လာပြီ Chae"

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

"Chae ငါ ရေခဲသေတ္တာထဲမှာ ဟင်းတွေ တွေ့ခဲ့တယ် စိတ်ကူးပေါက်ပြီး ဟင်းတွေဘာတွေ ထချက်နေပါလား"

"ငါ ချက်တာမဟုတ်ပါဘူး"

"ဒါဆို ဘယ်သူလာချက်ပေးသွားတာလဲ"

"Li ......"

"ဘာပြောချင်လို့လဲ Chae ပွင့်ပွင့်လင်းလင်းပြောစမ်းပါဟာ"

"ငါ ... ငါလေ....."

"Chae ဘာဖြစ်နေတာလဲ"

" Soo နဲ့ ချစ်သူတွေဖြစ်သွားပြီ"

"သြော် Soo နဲ့ ချစ်သူတွေဖြစ်.....ဘာရယ် နင်နဲ့ Jisoo Unnie နဲ့ ချစ်သူတွေဖြစ်သွားပြီ ဟုတ်လား"

" ဟုတ်တယ် Li "

"Yaa!! ဘယ်လိုဖြစ်တာလဲ ငါက ဒီတစ်သက်နင် ရည်းစားမှရပါ့မလားလို့ ရတော့လည်းချက်ချင်းကြီး ပြောပါဦး ဘယ်လိုဖြစ်သွားကြတာလဲ"

"ဒီလိုဟာ .........."

Chae အကြောင်းစုံ ရှင်းပြလိုက်သည်။

"Jisoo Unnie က Ro လိုက်တာ ထင်တောင်မထင်ရဘူးနော် မိုက်တယ် အဲ့ဒါနဲ့ပဲ နင်တို့ ချစ်သူတွေဖြစ်သွားပါတယ်ပေါ့လေ Chae ရာ နည်းနည်းတောင် မမူဘူးလား"

"ငါက ဘာလို့ မူရမှာလဲ အဲ့တာတွေ ထားပါ နင်ပျောက်နေတာများ ငါ့ဆီ ဖုန်းတောင် မဆက်ဘူး "

"hee.... အဲ့တာက ငါလည်း ကောင်မလေးကို အချိန်ပေးနေရလို့ပါ"

"ကောင်မလေး....."

" တစ်ဖတ်သတ်ချစ်ရတဲ့ကောင်မလေးနဲ့ ချစ်သူတွေ ဖြစ်သွားပြီလေ"

Forever Not Sure   ( Completed )Where stories live. Discover now