Part - 24

931 90 20
                                    

Unicode >>>

" Yaa !! LaLisa နင် ရှေ့ကပိတ်နေတော့ ငါတို့ Jen ကို ဘယ်လိုကြည့်ရမှာလဲ "

" Nini ၀တ်ထားတာ ရင်ဘတ်ဟိုက်နေတယ်ဟ သူများတွေ မြင်ကုန်မှာပေါ့ "

" Yaa ! ပွဲထဲရောက်ရင်လည်း တွေ့ရမှာကို ပြီးတော့ ငါတို့ပဲ ရှိမှာလေ ဘာတွေဒီလောက်ဖြစ်နေရတာလဲ ဖယ်စမ်းပါဟာ "

" ဟုတ်သားပဲ Li က လိမ္မာပါတယ် Nini ဘယ်လောက်လှကြောင်း Chae တို့ကို ပြလိုက် "

နှုတ်ခမ်းကြီးစူပြီး ရှေ့မှာ မတ်တပ်ရပ်နေသည့် Li ရဲ့ ပါးကို ဆွဲပြီး ပြောနေမိသည်။ ဒီကလေးဆိုးကြီးက ဘာမှမဟုတ်တာလေးကအစ သိပ်သ၀န်တိုတတ်တာ။ Jen ပြောတာကြားတော့ Chae က မချိုမချဥ် မျက်နှာဖြင့်........

" အမ်း..... ငါ့မှာလည်း မ ရှိပြီးသားပါနော် Li အဲ့လောက်ကြီး သ၀န်တိုမနေနဲ့ ငါ နင့် Nini ကို ဘာမှမလုပ်ဘူး ဖယ်ဟာ "

" ဟုတ်တယ် ကိုယ့်ညီမကို ကြည့်ရမှာတောင် Li ကြီးက ကပ်စေးနဲနေတယ် "

Chae တို့ လေးယောက်ကို ကြည့်ပြီး ဆိုင်ထဲက ကောင်မလေးတွေက ပြုံးနေလေရဲ့။ ဘာပြောနေတယ်ဆိုတာ နားမလည်ပေမယ့် Chae တို့ရဲ့ အမူအယာကိုကြည့်ပြီး သူတို့လည်း ကြည်နူးနေကြသည်မှာ သေချာသည်။ ကလန်ကလား အရပ်ကြီးနှင့် Li ဖယ်ပေးလိုက်သည်နှင့် Jen ကို တွေ့လိုက်ရသည်။ အဖြူရောင်သတိုးသမီးလေး Jen ဟာ နတ်သမီးတစ်ပါးနှင့်တူပေသည်။ ရင်ဘတ်ဟိုက်တယ်ဆိုပေမယ့် ဆိုးဆိုး၀ါး၀ါးကြီးမဟုတ်ပါဘူး။ ဒီလောက်တော့ရှိမှာပေါ့ Li ကိုက ပိုနေတာ။ ဘေးနားမှာ ထိုင်နေသော မ က Jen ကို အပြေးသွားဖက်သည်။

* *

" နင်တို့ နှစ်ယောက်တည်း အရင်ရိုက်လိုက် "

" အင်း လာ........ မ "

Chae နဲ့ မ ဟာလည်း သတို့သမီး၀တ်စုံတွေနှင့် လှချင်တိုင်းလှနေတော့သည်။ ဒါဟာ မ အတွက် အစမ်းသဘောမျိုး ၀တ်ပြီး ဓာတ်ပုံရိုက် မှတ်တမ်းတင်ထားရုံသာ......နောက် မင်္ဂလာပွဲရောက်တော့မှ ဒီ ၀တ်စုံကို ၀ယ်မည်တဲ့လေ။ Chae အတွက်တော့ ပထမဆုံးနှင့် နောက်ဆုံး၀တ်ဆင်ရမည့် သတို့သမီး၀တ်စုံလေး.....။ Chae နှင့် မ ဟာ အလှပဆုံးပြုံးကာ Camera ရှေ့ ရပ်နေလိုက်သည်။ ထိုနေ့က မင်္ဂလာမောင်နှံနှင့်အပြိုင် ဓာတ်ပုံတွေ အများကြီး ရိုက်နေမိသည်။ အမှတ်တရမှန်သမျှကို တတ်နိုင်သလောက် သိမ်းထားရမည်လေ။

Forever Not Sure   ( Completed )Where stories live. Discover now